Wednesday, June 03, 2015

ထိုင်းတွင် နေအိမ်အသိမ်းခံရသည့် နိုင်ငံခြားသားမိသားစု လမ်းပိတ်ဆို့ ဆန္ဒပြ


ထိုင်းနိုင်ငံမှာ နေအိမ်အသိမ်းခံရသလို ရှေ့နေတွေရဲ့ ညာစားမှုကိုပါခံရ တယ်ဆိုတဲ့  အိုင်ယာလန်နိုင်ငံသား သားအဖ ၃ ဦးဟာ ဘန်ကောက်မြို့ ဖရလမ်း – ၁ ပေါ်မှာ ဇွန်လ ၂ ရက်နေ့က ပိတ်ဆို့ ဆန္ဒပြခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အိုင်ယာလန်နိုင်ငံသား မစ္စတာခိုးလင်းဗာ့တ်နဲ့သားရောသမီးပါ ထိုင်းအမျိုးသားရဲချုပ်ရုံးရှေ့က လမ်းမကြီးပေါ်မှာ ဆိုင်းဘုတ်ကိုင် ထိုင်ပြီးဆန္ဒပြခဲ့တဲ့အတွက် နာရီဝက်ကြာ  ယာဉ်ကြော ပိတ်ဆို့ခဲ့ပါတယ်။

ယာဉ်ထိန်းရဲက သူတို့ကို သွားရောက်ညှိနှိုင်းရာမှာ ဒီမတိုင်ခင်က ဖူးကစ်မှာရှိတဲ့ သူတို့နေအိမ်ကို ဇနီးဖြစ်သူထိုင်းအမျိုးသမီးက ရောင်းချခဲ့ကြောင်း၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်း လွဲမှားမှုရှိလို့ ထိုင်းဘဏ္ဍာရေးရာဌာနက သူတို့နေအိမ်ကို သိမ်းဆည်းခဲ့ပြီး ရှေ့နေတွေရဲ့ ညာစားမှုကို ခံရသလို ဖူးကစ်ရဲတပ်ဖွဲ့ဝင်တွေက အရေးတယူဆောင်ရွက် ပေးခြင်း မရှိတဲ့အတွက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်ထံ လာရောက် တောင်းဆိုတာလို့ ဆိုပါတယ်။

အဲဒီနောက် သူတို့သားအဖကို ရဲချုပ်ကြီးက လက်ခံတွေ့ဆုံပြီး ထိုင်းနိုင်ငံရဲ့ တရားမ ဥပဒေကို သေချာနားလည်အောင် ရှင်းပြဖို့ ထိုင်းဘဏ္ဍာရေးဌာနဆိုင်ရာ တာဝန်ခံနဲ့ ကြားခံလူအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ အိုင်ယာလန်သံရုံးကိုပါ ဆက်သွယ်ပေးခဲ့တယ်လို့  ထိုင်းရဲအရာရှိတဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် သူတို့ပြဿနာကို တကယ်ပဲ အရေးတယူဆောင်ရွက်ဖြေရှင်း ပေးခြင်း ရှိမရှိ ဖူးကစ် အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်တွေပါ ဆင့်ခေါ် ထားပြီး အိမ်ယာမဲ့ဘ၀ ရောက်နေတဲ့ သူတို့သားအဖအတွက် ယာယီနေယာ ထိုင်ခင်း စီစဉ်ပေးဖို့လည်း ရဲချုပ်ကြီးက စီစဉ်ပေးခဲ့တယ်လို့ တီအန်အန် ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

DVB


No comments:

Post a Comment

My Blog List