Tuesday, June 02, 2015

သပိတ်မှောက်ကျောင်းသားများ အာမခံ ပယ်ချခံရ၊ ၀န်းရံပြည်သူတဦး အရေးပေါ်ဆေးရုံတင်





အမျိုးသားပညာရေးဥပဒေကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ရိုက်နှက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဇွန် ၂ ရက်က သာယာဝတီ ခရိုင်တရားရုံးမှာ ထပ်မံ ရုံးထုတ် စစ်ဆေးပါတယ်။

ဒီနေ့ ဇွန် ၂ ရက်နေ့မှာတော့ အာမခံလျှောက်ထားတဲ့သူ ၁၃ ဦးစလုံးကို ပယ်ချတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“အာမခံကတော့ တင်ထားတာတော်တော်များတယ်။ အကုန်ပယ်တယ်တဲ့။ ၅၀၅ (ခ) က အာမခံပေးလို့ မရတဲ့ပုဒ်မဖြစ်တယ်။ နောက်ပြီး စာမေးပွဲဖြေဖို့ ဆိုတာကလည်း လိုသေးတယ်တဲ့ အဲဒီအကြောင်းပြချက်နဲ့။”

ဒီကနေ့ တရားခွင်မှာ ၀န်းရံပြည်သူတဦးဖြစ်တဲ့ ကိုတင်ဝင်းဟာ ရိုက်နှက်ခံ ရစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာတွေ ကြောင့် ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် သာယာဝတီဆေးရုံကို တင်ခဲ့ရတယ် လို့ ဇနီးဖြစ်သူ မမြင့်မြင့်ကြီးက ပြောပါ တယ်။

“ကျမ ကြာသာပတေးနေ့က သူ့ဆီကိုသွားတွေ့ကတည်းက သူက ထမင်း လည်း မစားနိုင်ဘူး။ ပထမရိုက်ထား တဲ့ဒဏ်တွေလေ။ ကျမ အခုလာတော့ ထမင်းကျွေးတာ မစားဘူး။ မစားလည်း မစားဘူးပြောပြီးတော့ မွန်းကျပ်ပြီး တော့ သတိလစ်သွားတာ။ သူက ကျောကုန်းတွေလေ သူကရှေ့ဆုံးဆိုတော့ သူကိုရိုက်ထားတဲ့ ဖိနပ်နဲ့ကန်တာတွေ ဒုတ်နဲ့ရိုက်တာတွေ သွေးမထွက်ပဲ နဲ့ ဒဏ်ဖြစ်နေတာ။ အတွင်းဒဏ်ပေါ့နော် ခဏခဏ လည်း ဆေးသွားသွားထိုး ရတယ်။”

DVB




No comments:

Post a Comment

My Blog List