Thursday, June 04, 2015

ကလေးစစ်သား ၅၁ ဦးထပ်ထွက်ခွင့်ပြု


အရွယ်မတိုင်မီစစ်မှုထမ်းဆောင်နေသည့် ကလေးသူငယ်နှင့်လူငယ် ၅၁ ဦး အား မြန်မာ့တပ်မတော်က ယနေ့ ဇွန်လ ၄ ရက်က ထပ်မံနုတ်ထွက်ခွင့်ပြု လိုက်သည်။ ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်နုတ်ထွက်ခွင့်ပြုခြင်းဖြစ်ပြီး ၂၀၁၅ နှစ်စမှလက်ရှိအချိန်ထိ အရွယ်မရောက်သေးသောစစ်မှုထမ်း ၉၃ ဦးနုတ် ထွက်ခွင့်ပြုပြီးဖြစ်သည်။ 
မြန်မာ့တပ်မတော်သည် ကမ္ဘာ့ကုလသမဂ္ဂနှင့်လုပ်ငန်းဆောင်ရွက်မှု စီမံ ချက်ကို ၂၀၁၂ ခုနှစ်ဇွန်လမှစတင်သဘောတူလက်မှတ်ရေးထိုးပြီးချိန်မှယနေ့အချိန်ထိအရွယ်မရောက်သေးသည့်စစ်မှုထမ်းကလေးသူငယ်နှင့်
လူငယ် ၆၄၆ ဦးနုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ယူနီဆက်(မြန်မာ)က သတင်းထုတ်ပြန်သည်။

7Day News Journal


No comments:

Post a Comment

My Blog List