Wednesday, June 03, 2015

ဘင်္ဂါလီ ၇၀၀ ကျော်ပါ သင်္ဘောကို မြန်မာရေတပ်က ဘင်္ဂလားရေပိုင်နက် ထဲသို့ လိုက်လံ ပို့ဆောင်


လှေစီးဒုက္ခသည် ဘင်္ဂလီ ၇၂၇ ယောက်ပါ သင်္ဘောတစီးကို မြန်မာရေတပ်က ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောကို လွန်ခဲ့သော ၄ ရက်က ကပ္ဗလီပင်လယ်အတွင်း တွေ့ရှိ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး က ပြောသည်။

ကပ္ဗလီပင်လယ်တွင် မျောနေသော ငါးဖမ်းသင်္ဘောသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်လိုသူများသာဖြစ်ကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောသည်။

“မြန်မာရေတပ်က သူတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို လိုက်ပို့ပေးမှာပါ။ သူတို့အတွက် အစာရေသာနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ ထည့်ပေး လိုက်မှာပါ။”ဟု ဦးရဲထွဋ်က Reuters သို့ ဖုန်းဖြင့်ဖြေကြားသည်။

“ဒါဟာ သူတို့ရဲ့ဆန္ဒအပေါ်လိုက်ပြီး ဆောင်ရွက်ပေးတာပါ။ သူတို့နဲ့ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်ကို ပို့ပေးမှာပါ။”၎င်းရွှေ့ပြောင်းနေထိုင်လိုသူများသည် မည်သည့်နိုင်ငံမှဖြစ်ကြောင်းကိုမူ ဦးရဲထွဋ်က မခြေကြားခဲ့ချေ။

Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List