မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရေးကြီးတဲ့သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းရှိ အင်ဒီးယားနားတက္ကသိုလ်မှာ သောကြာနေ့ ညက ကျင်းပတဲ့ “ မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်း ကိုရောက်မလား၊ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရနိုင်မလား ဒါမှမဟုတ် အာဏာရှင်အစိုးရထက်ဘာမှပိုမထူးခြားတဲ့ အတုအယောင်ဒီမိုကရေစီနဲ့ဘဲဆက်လက်ရင်ဆိုင်နေရဦးမှာလားဆိုတာ လာမယ့်လအနည်းအငယ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ ဒေါ်အောင် ဆန်း စုကြည်က ပြောကြားခဲ့ တာဖြစ်ပါတယ်။ဒီအခမ်းအနား မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်တင့်ကလည်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွေ နဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ ပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန် နှေးကွေးနေတယ်ဆိုတာ မဟုတ်မှန် ကြောင်း၊ နောက်ပြန်လှည့်သွားမှာ မဟုတ်ကြောင်း သူက ပြောသွားပါတယ်။
ဒီအစီအစဉ်ကို အင်ဒီယာနာတက္ကသိုလ် နိုင်ငံတကာစီးပွားရေးပညာနဲ့ သုတေသနဌာန၊ BACI - မြန်မာ-အမေရိကန် ကွန်မြူနတီ အင်စတီကျုနဲ့ အင်ဒီယာနာ တက္ကသိုလ် Kelly နိုင်ငံတကာစီးပွားရေးပညာသိပ္ပံ တို့က ပူးပေါင်းစီစဉ် တာဖြစ်ပြီး၊ အင်ဒီယားနား ပြည်နယ်ရောက် မြန်မာနိုင်ငံသား တွေအပါအဝင် ပရိသတ် စုစုပေါင်း ၁၅၀ လောက် တက်ရောက်ခဲ့ပါတယ်။
RFA
No comments:
Post a Comment