Tuesday, June 02, 2015

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် ဘယ်လိုစစ်သားမျိုးလဲ


နိုင်ငံရေးလုံးဝ ဝါသနာမပါဘူးလို့ဆိုတဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် တစ်ယောက် တချိန်ကတာဝန်အရ စစ်သားစိတ်နဲ့လုပ်ဆောင်ခဲ့တာတွေ ရှိပေမယ့် နေအိမ်အကျယ်ချုပ်ကလွတ်ပြီးနောက်ပိုင်း အခုတော့ ပရဟိတ လုပ်ငန်းတွေ လုပ်နေပါတယ်။

ဦးခင်ညွှန့်တစ်ယောက် ဘယ်လိုစစ်သားစိတ်မျိုး ရှိခဲ့တာလဲ။တပ်မတော်က ပြည်သူတွေနဲ့ဆက်ဆံတဲ့ အခါ ဘယ်လိုကျင့်ကြံရမယ်ဆိုတာ လေ့ကျင့်ပေးလိုက်တာဟာ စစ်သားစိတ်ဖြစ်တယ်လို့ ခင်ညွှန့်ကဆိုပါတယ်။

တချို့ကတော့ စစ်သားစိတ်ကိုအမျိုးမျိုးဝေဖန်ကြပေမယ့် စစ်တပ်ကမွေးထုတ်ပေးလိုက်လို့ ဒီအသက်အရွယ် အထိရောက်လာတဲ့သူဟာ တပ်မတော်ရဲ့ ကောင်းပြစ်ဆိုးပြစ်တွေထဲက ကောင်းတာတွေကိုပဲ ကျင့်သုံးခဲ့တယ်လို့ ပြောပါတယ်။

ဦးခင်ညွှန့်ရဲ့လူမှုရေးလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ ရွှေမှော်ဝန်း ဖော်ဒေးရှင်းဟာ မေ ၃၁ က ရွှေမှော်ဝန်း သာသနာ့ဗိမာန်မှာ အလှုကျင်းပ ခဲ့ရာ ၈၅ နှစ်အထက် သက်ကြီးရွယ်အို ၁၆၅ ယောက်ကို တစ်ယောက် နှစ်သောင်းစီနဲ့ ကျောင်းသားတွေကို ဗလာစာအုပ်တွေ လှူဒါန်းခဲ့ပါတယ်။

ကျောင်းသားတွေအတွက် ပညာသင်စရိတ်တွေပေးအပ်ခဲ့သလိုဘုန်းတော်ကြီးပညာသင်ကျောင်းတွေကုသိုလ်ဖြစ်ဆေးခန်းတွေမှာလည်း လှူဒါန်းခဲ့ ပါသေးတယ်။

ရွှေမှော်ဝန်းအဖွဲ့အနေနဲ့ သန်လျင်မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ အတတ်နိုင်ဆုံး ကူညီပေးသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဒုဥက္ကဌဦးဝင်းအောင်ကဆိုပါတယ်။

အရင်အစိုးရလက်ထက်က တိုင်းပြည်အတွက် လုပ်ပေးခဲ့တဲ့အချို့အရာတွေ ဟာ အောင်မြင်ခဲ့ပြီး လမ်းစဖောက်ပေးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ ဘာမှ လုပ်မပေးခဲ့ဘူးဆိုတာကတော့ လိမ်တာပဲဖြစ်တယ်လို့ ဦးခင်ညွန့်ကပြောပါ တယ်။

Kamayut Media


No comments:

Post a Comment

My Blog List