Tuesday, June 02, 2015

ရာသီဥတု သဘောတူညီချက် ကုလကြိုးပမ်းမှုများ မလုံလောက်ဟု ပြင်သစ် ၀န်ကြီးပြောကြား


ယခုနှစ်နှောင်းပိုင်း ပြင်သစ် နိုင်ငံပါရီမြို့တွင် ထိပ်သီးအစည်းအဝေးမကျင်းပမီ စိတ်ပျက်မှုများ တိုးပွားလာခြင်း လက္ခဏာအဖြစ် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက် ရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် ရရှိရန် ကုလသမဂ္ဂ၏ဦးဆောင်ကြိုးပမ်းမှုများမှာ လုံ လောက်မှုမရှိဟု ပြင်သစ်သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးက ပြောကြား လိုက်သည်။

ရာသီဥတုပြောင်းလဲမှု တိုက် ဖျက်ရေး ၁၉ မျက်နှာပါ သဘော တူညီချက် မူကြမ်းကို ကမ္ဘာ့နိုင်ငံ များက ဒီဇင်ဘာလ ပါရီမြို့ အ စည်းအဝေးတွင် စနစ်တကျပုံစံချရန် ကြိုးစားမည်ဖြစ်သည်။

‘‘ကုလသမဂ္ဂရဲ့ ဆွေးနွေးညှိ နှိုင်းမှုတွေဟာ ကျွန်မတို့ ရင်ဆိုင် နေရတဲ့ ရာသီဥတု အရေးပေါ်အ ခြေအနေအတွက် လုံလောက်မှု မရှိပါဘူး’’ ဟုလာမွန်ဒေးသတင်း စာနှင့် တွေ့ဆုံမေးမြန်းမှုတွင် မစ္စစ်ဆီဂိုလင်းရိုင်ရယ်က ပြော ကြားသည်။

လောလောဆယ်တွင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၀ မှ ကိုယ်စားလှယ်များသည် ဇွန်လ ၁ ရက်မှ ၁၁ ရက်အတွင်း ဂျာမနီနိုင်ငံ ဘွန်းမြို့၌ တွေ့ဆုံ၍ ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို သုညရာခိုင်နှုန်းအထိ လျှော့ချရေးမှ ကာဗွန်ထုတ်လုပ်မှုထိန်းချုပ်ရေးအထိေ၀၀ါးသော ကတိက၀တ် ကွဲပြားမှုများ ကျဉ်းမြောင်းသွားစေရန် ကြိုးပမ်းကြမည်ဖြစ်သည်။

Ref: Reuters
7Day Daily


No comments:

Post a Comment

My Blog List