Friday, June 05, 2015

ထိုင်းနိုင်ငံသို့ MoU ဖြင့် လုပ်သားစေလွှတ်ခြင်း စိစစ်ပေးရန် အစိုးရကို လုပ်သားများတောင်းဆို


အလုပ်သမား လိုအပ်ချက် ရှိ၊ မရှိ သေချာစွာစိစစ်ပြီးမှ ထိုင်းနိုင်ငံသို့ MoU ဖြင့် လုပ်သားများ စေလွှတ်ကြရန် အလုပ်သမားဝန်ကြီးဌာနအား ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ပြီး ဒုက္ခ ရောက်ခဲ့သည့် MoU လုပ်သား များက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံသို့ (နှစ်နိုင်ငံနား လည်မှုစာချွန်လွှာ) MoU ဖြင့် သွားရောက်လုပ်ကိုင်ပြီး ဒုက္ခရောက်ခဲ့ကြသော MoU လုပ်သားခုနစ်ဦးက ဇွန်လ ၄ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ထိုင်းမှာ လုပ်သားလိုအပ် ချက်မရှိဘဲနဲ့ ဒီက အလုပ်သမား ဝန်ကြီးဌာနနဲ့ အလုပ်သမားအေ ဂျင်စီတွေက တင်ပို့နေတာ။ ကျွန် တော်လုပ်ခဲ့တဲ့ ပုစွန်အခွံနွှာစက်ရုံ ဆိုရင် အလုပ်သမားလိုတာက ၇၅ယောက်ပဲ။ သူတို့ ပို့လိုက်တာက ၁၅၀ တင်ပို့လိုက်တယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းကိုလာပြီး တကယ်အလုပ်လိုအပ် ချက် ရှိ၊ မရှိ သေချာစိစစ်ပါ။ ဟုတ်တယ်ဆိုမှ MoU အလုပ်သမား တွေ စေလွှတ်ပါ။ မဟုတ်ရင် ဟိုမှာအားလုံး ဒုက္ခရောက်နေရတယ်’’ ဟု ၂၀၁၃ က ထိုင်းနိုင်ငံသို့ MoU ဖြင့် သွားရောက်လုပ်ကိုင်ပြီး ဒုက္ခ ရောက်ခဲ့ရသူ ကိုစောမြတ်ချိုက ပြောသည်။

ရေသန့်စက်ရုံတွင် အလုပ်ရ မည်ဟု စာချုပ်ထားပြီး အမှိုက်ပုံ တွင် လုပ်ကိုင်ရသူ၊ တစ်နေ့ ဘတ် ၃၀၀ ရမည်ဟု စာချုပ်ထားပြီး တစ်နေ့ ဘတ် ၂၅၀ သာ ရရှိသူများနှင့် အလုပ်ရှင်နှင့် ပြဿနာဖြစ်သော ကြောင့် ဖမ်းဆီးခဲ့ရသူများလည်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့အတွေ့အကြုံ များကို ပြောသည်။

ထိုင်းနိုင်ငံသို့ သိန်းနှင့်ချီ လာရောက်လုပ်ကိုင်ကြသော MoU မြန်မာအလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းသည် ဒုက္ခရောက်နေ ကြသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ကူညီစောင့်ရှောက်ပေးနေသော အဖွဲ့အစည်းများက သုံးသပ်သည်။

‘‘MoU ဆိုတာ တရားဝင် လူကုန်ကူးမှုလို့ပဲ မြင်တယ်။ သေသေချာချာ လုပ်ပေးမယ်ဆိုရင် မြန်မာလုပ်သားတွေ အတွက် တကယ် ကောင်းတဲ့ လုပ်ငန်းစဉ်ပါ။ အခု တော့ လူပို့ရပြီးရော ပို့နေတာ။ ဒီဘက်က အလုပ်သမားတွေက ဒုက္ခရောက်နေတာ မသိကြဘူး။ နောက်တော့ ပြီးစလွယ် ပစ်ထားကြတယ်’’ဟု MoU လုပ်သားခုနစ်ဦး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ရန်ကုန်မြို့သို့ ခေါ်ဆောင်လာသူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT) အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာနသည် အေဂျင်စီများက တင်ပြလာသည့် MoU အလုပ်ခေါ်စာများကို လွယ်လွယ်ကြည့်၍ ခွင့်ပြု ခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနထံ အလုပ် ရှင်တင်ပြချက်နှင့် တိုက်ဆိုင်စစ် ဆေးပြီးမှသာ အတည်ပြုချက်ရ ယူခြင်းဖြစ်သည်ဟု အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးသိန်းဝင်းက 7 Day Daily အား ပြောကြားသည်။

7Day News Journal


No comments:

Post a Comment

My Blog List