Wednesday, June 03, 2015

လော်ခီးလာတိုင်းရင်းသား ညီလာခံစတင်- NCA မူကြမ်း သဘောထားရယူဖို့ အဓိကဟု KNU ဥက္ကဌပြော



တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံကို ကေအန်ယူ ထိန်းချုပ် နယ်မြေရှိ လော်ခီးလာ ဒေသတွင် ယမန်နေ့ ဂျွန်လ ၂ ရက်နေ့က စတင် ကျင်းပရာ အပစ်အခတ်ရပ်စဲရန်နှင့် ပဋိပက္ခ လျှော့ချရန်အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်သောကြောင့် လိုလားချက်များအပြည့်အ၀ရမည်ဟု မမျှော်မှန်းရန် KNU ဥက္ကဌ ကသတိပေးပြောဆိုလိုက်ပါသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဆိုင်ရာစာချုပ်မူကြမ်း အတည်ပြု နိုင် ရန်ရည်ရွယ် သည့်အဆိုပါ အစည်းအဝေးသို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နှစ်ဘက်လုပ်ငန်းကော်မတီများဖြစ်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ NCCT တို့အကြား မတ်လ ၃၁ ရက်နေ့က သဘောတူညီခဲ့သည့် အပစ်ရပ်စာချုပ်မူကြမ်း အပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီး သီးမှ သဘောထားဆန္ဒရယူရန် ကျင်းပခြင်း ဖြစ်သည်။

လက်ရှိရေးဆွဲထားသည့် စာချုပ်မှာ တိုက်ပွဲနှင့် ပဋိပက္ခတွေကို လျှော့ချ ရပ်တန့်စေရန်နှင့် ငြိမ်း ချမ်းရေးဖြစ်စဉ်ရှေ့ဆက်နိုင်ရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး မိမိတို့လိုလားထား သည်များကို လက်ရှိစာချုပ်ဖြင့် အပြည့်အ၀ရမည်ဟုလည်း မမျှော်မှန်းရန်လည်း ညီလာခံ ပထမနေ့တွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက သတိပေးပြောဆိုခဲ့သည်။

‘ရတာအရင်ယူပြီး အားလုံးအကျိုးအတွက် သန္နိဌာန်ချပြီး တိုးတက်ကောင်း မွန်အောင် ညှိနှိုင်းလုပ် ဆောင် သွားမှာလား။ ဘာမှ မယူပဲ လက်လွတ်ဆုံးရှုံး ခံမှာလားဆိုတာ စဉ်းစားဆုံးဖြတ်ကြရမှာဖြစ် တယ်’ ဟု ကေအန်ယူ ဥက္ကဌက ပြောဆိုသည်။

ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်အတွက် အပစ်ရပ်စာချုပ်အား လက်မှတ်ရေးထိုးကြရန် တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များအား တိုက်တွန်းခဲ့သည်။

ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက “အခုငြိမ်းချမ်းရေးဖြစ်စဉ်က နှစ်ပေါင်း ၆၀ ကျော် ကြာ တိုက်ခိုက်ပြီး ပြဿ နာဖြေရှင်းရာကနေ တွေ့ဆုံဆွေးနွေး ပြီး ပြဿ နာဖြေရှင်းရေး လမ်းကြောင်းဆီသို့ လက်မှတ် ရေးထိုးပြီး ပြောင်းလဲ လိုက် တယ်လို့ပဲ ရိုးရိုးလေးနားလည်ပါတယ်။ NCCT ခေါင်းဆောင်များ အနေနဲ့ ဒီစာချုပ်ကို ရဲရဲတင်းတင်းလက်မှတ်ရေးထိုးကြပြီး ဆက်လက်ေ ဆွးနွေးကြရ မယ့် ဆွေးနွေးပွဲပေါင်းစုံ မှာ စားပွဲခုံတိုက်ပွဲဝင်ကြဖို့ပဲဖြစ်ပါတယ် “ ဟု သူ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့က နှစ်ဘက်သဘောတူညီခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး မူကြမ်း ပါအချက်များကို အစိုးရဘက်မှ ပြန်လည်ဖြည့် စွက်ပြင်ဆင်ရန် မလိုအပ်တော့သော်လည်း တိုင်းရင်း သားလက်နက်ကိုင်များ ဘက်မှ ဆွေးနွေးခဲ့သည့် NCCT တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဗဟိုညှိနှိုင်းမှုအဖွဲ့မှာ လုပ်ငန်းကော်မတီအဆင့်သာ ဖြစ်သဖြင့် ယခုကဲ့သို့ ထိပ်သီးခေါင်းဆောင်များ တက်ရောက်နေသည့် ညီလာခံတရပ်ကို ခေါ် ယူကျင်း ပနေခြင်းဖြစ်သည်။

ယခုညီလာခံ မကျင်းပမှီ ၀ ဒေသ ပန်ဆန်းတွင် ကျင်းပခဲ့သည့် ညီလာခံတွင် အဆိုပါ အပစ်ခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းအား ပြင်ဆင်ဖြည့်စွက် မှုများ ပြု လုပ်ပေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့မှ တင်ပြခဲ့ပြီး ယခု ညီလာ ခံတွင် အနည်းနှင့်အများဆိုသလို ပြင်ဆင်ဖြည့်စွက်မှုများ ရှိလာနိုင် သည် ဟု ဆွေးနွေးပွဲတက်ရောက်နေသူ အချို့ကသုံး သပ်ပြောဆိုသည်။

မတ်လ ၃၁ ရက်က သဘောတူထားသည့် စာချုပ်မူကြမ်းတွင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံ ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး နှင့် ပြန်လည်ပေါင်းစည်းရေး DDR/SSR ကဲ့သို့ ကိစ္စရပ်များ အပါအ၀င် အချက်လက်
အချို့မှာ တိကျသည့် သဘောတူညီချက်မရှိပဲ နိုင်ငံရေးဆွေးနွေး ချိန်မှသာ ပြုလုပ်နိုင် မည် ဖြစ်ခြင်းကြောင်း အဆိုပါအချက်များ အာမခံချက်ရရှိမှသာ လက်မှတ်ထိုးကြရန် အကြိုဆွေးနွေးမှုများတွင် တင်ပြမှုများ ရှိထားသည်သိရသည်။

ယင်းညီလာခံသို့ တိုင်းရင်းသားပါတီများဖြင့် စုပေါင်းဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ ယူအန်အေနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းတို့ မှလည်း သ၀ဏ်လွှာ တစ်စောင်ပေးပို့ထားပြီး ယင်းသ၀ဏ်လွှာတွင် အပစ်ခတ်ရပ်စဲရေး ၊ နိုင်ငံရေး ဆွေးနွေးပွဲများပေါ်ပေါက်လာပြီး ဖက်ဒရာယ်ဒီမိုကရက် တစ်ပြည်ထောင်စု ပေါ်ပေါက်လာရန် အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏ စုစည်းညီညွတ်မ အပြည့်ဖြင့် ဆက်လက်ချီ တက်နိုင်ရန် လိုလားကြောင်း ဖော်ပြထားသည်။

‘ကျနော်တို့က အဓိကက တိုင်းရင်းသားတွေအချင်းချင်း စိတ်ဝမ်းမကွဲကြစေချင်ဘူး။ ညီညွတ်မှသာ ကျနော်တို့ လိုလားတဲ့ ပန်းတိုင်ကို ရောက်နိုင်မှာလေ’ ဟု UNA အဖွဲ့ဝင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွှန့် လွင် က ပြောသည်။

လော်ခီးလာ တိုင်းရင်းသားညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ မှ ထိပ်သီးခေါင်း ဆောင်များတက်ရောက်နေပြီးကုလသမဂ္ဂ၏မြန်မာနိုင်ငံ ဆိုင် ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား၊ တရုတ်နိုင်ငံ အာရှေ ရးရာ အထူးသံတမန်H.E Mr. Sun Guo Xiang၊ ဂျပန် နိုင်ငံ နိပွန်ဖောင်ဒေး ရှင်း (မြန်မာနိုင်ငံ ဆက်ဆံ ရေးရုံး) ရုံးအုပ်ကြီး Yuji Mori အပါ အဝင် အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များလည်း လေ့လာသူအဖြစ် တက်ရောက်နေသည်။

Panglong(Burmese) 

No comments:

Post a Comment

My Blog List