Tuesday, June 02, 2015

လော်ခီးလာထိပ်သီးအစည်းအဝေးတွင် အပစ်ရပ်စာချုပ်မူကြမ်းလက်မှတ်ထိုးရန် ဆွေးနွေးမည်


ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေလော်ခီးလာတွင် ယနေ့စတင်ပြုလုပ်မည့်NCCTထိပ်သီးအစည်းအဝေး၌ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်မူကြမ်း(NCA)အတည်ပြုလက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် တိုင်းရင်းသားခေါင်းဆောင်များ ကုလ၊ နိပွန်ဖောင်ဒေးရှင်းနှင့် တရုတ်နိုင်ငံတို့မှ လေ့လာသူများလော်ခီးလာသို့ ဇွန်လ ၁ရက်တွင်ရောက်ရှိနေပြီဖြစ်ကြောင်း KNU တာဝန်ရှိသူများကပြောသည်။

ထိပ်သီးအစည်းအဝေးတွင် NCCTမှ အဖွဲ့ဝင်အချို့နုတ်ထွက်မည့်ကိစ္စကိုလည်း ထည့်သွင်းဆုံးဖြတ်မည်ဖြစ်သည်။ အစည်းအဝေးကို ဇွန်လ ၂ရက်မှစတင်ပြီး ငါးရက်ကြာပြုလုပ်ရန် စီစဉ်ထားသည်။ 

NCCTထိပ်သီးအစည်းအဝေးကို လော်ခီးလာတွင်တစ်ကြိမ်၊ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် နှစ်ကြိမ်ပြုလုပ်ဖူးသည်။

အပစ်ရပ်မူကြမ်းကို အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ပဏာမသဘောတူညီကြောင်း မတ်လ၃၁ရက်က လက်မှတ်ရေးထိုးထားသည်။

လော်ခီးလာညီလာခံတက်ရောက်လာသော ကေအိုင်အေကိုယ်စားလှယ်အဖွဲ့၊ ဂျေမောင်မောင်(အမရပူရ)
7Day Daily


No comments:

Post a Comment

My Blog List