Wednesday, June 03, 2015

မျိုးစောင့်ဥပဒေကြမ်း ၄ ခု မပြဌာန်းဖို့ အဖွဲ့ ၆ခု လွှတ်တော်မှာ တင်ပြ


ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဖို့ ကျန်နေတဲ့ မျိုးစောင့်ဥပဒေကြမ်း ၄ခုကို မပြဌာန်းသင့်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်း ၆ဖွဲ့က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီထံ ဒီနေ့တင်ပြလိုက်ပါတယ်။မျိုးစောင့်ဥပဒေကြမ်း လေးခုဟာ အမျိုးသမီးအခွင့်အရေးကို ထိခိုက်နေသလို ခွဲခြားဆက်ဆံရာ ရောက်နေတဲ့အတွက် ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ Gender Equality Network ညွှန်ကြားရေးမှူး မမေစပယ်ဖြူက ပြောပါတယ်။

"ကျမတို့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်းမရှိတဲ့အပြင် ကျမတို့ နိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသမီးတွေ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ ပိုပြီးတော့ ပဋိပက္ခတွေ ဖြစ်လာမယ့် အရိပ်အရောင်ရှိတဲ့အတွက်ကြောင့် ကျမတို့ကဒီဥပဒေတွေကို နောက်ဆုံးအကြိမ်အထိကန့် ကွက်သွားမှာပါ"

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီနဲ့ အမျိုးသမီးအရေး၊ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေက ဒီနေ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေကြမ်းတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း၊ မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ကန့်ကွက်သူတွေရှိပေမယ့် အတည်ပြုပြီး ဖြစ်ပါတယ်။

အဲဒီ့ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ပြီး အတည်ပြုရမှာဖြစ်ပါတယ်။

Gender Equality Network ညွှန်ကြားရေးမှူး မမေစပယ်ဖြူ ကိုတွေ့ရစဉ်
Photo: RFA


No comments:

Post a Comment

My Blog List