Friday, June 05, 2015

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၆ ရက် ထုတ်ပြန်မည်


တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၆ ရက်နေ့မှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို အောင်မြင်သူတွေရဲ့ အမှတ်စာရင်းကိုလည်း အောင်စာရင်းထုတ်ပြန်ပြီး ၂ ရက်အကြာမှာ နေ့ချင်းပြီးထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အမှတ်စာရင်းတွေကို နေပြည်တော်ရုံး အမှတ် (၅၂) မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) တွေမှာ ထုတ်ပေးသွားမှာပါ။

ဒီ့အတွက် လိုအပ်တာက အမှတ်စာရင်းထုတ်ယူခွင့် လျှောက်လွှာ ၁ စောင်ကို ၂၀၀ ကျပ်နှုန်းနဲ့ ၀ယ်ယူပြီး ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်၊ လိုအပ်ချက်တွေကို ဖြည့်စွက်ပြီးနောက် မိမိတို့ရဲ့ အမှတ်စာရင်းတွေကို နေ့ချင်းပြီး ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List