Tuesday, June 02, 2015

လှေစီးဒုက္ခသည်များကိစ္စ လူကုန်ကူးမှု ပြုလုပ်နေသူများကို အမြန်ဆုံး ဖော်ထုတ်ရန် NLD တိုက်တွန်း


မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံအချို့၏ ပင်လယ်ပြင်များတွင် ဖမ်းဆီးရမိ လျက်ရှိသော လှေစီးဒုက္ခသည်များ ကိစ္စတွင် လူကုန်ကူးမှု ပြုလုပ်နေသူ များကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖော်ထုတ်ကာ အမြန်ဆုံး အရေးယူပေးရန် တိုက်တွန်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော လှေစီးဒုက္ခသည်များနှင့် ပတ်သက်သော သဘောထားထုတ်ပြန်ချက်တွင် ယင်းသို့ တိုက်တွန်းထားခြင်းလည်း ဖြစ်သည်။

လှေစီးဒုက္ခသည်များမှာ လတ်တလော အခြေအနေတွင် အနေအစားဆင်း ရဲခြင်းနှင့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေရကာ အသက်သေဆုံးသည် အထိ ဖြစ်နေရကြောင်း၊ ထို့ကြောင့် အဆိုပါ ဒုက္ခသည်များ၏ လုံခြုံရေးနှင့် သက်သောင့်သက်သာ နေထိုင်နိုင်ရေးတို့ကို နိုင်ငံတကာ အကူအညီများ ယူကာ အမြန်ဆုံးဆောင်ရွက်ပေးရန် လိုကြောင်းလည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

လှေစီးဒုက္ခသည်များ ကိစ္စသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသများတွင် လွန်ခဲ့သော သုံး၊ လေးနှစ်မှ စ၍ ဖြစ်ပေါ်ခဲ့သော ကိစ္စများနှင့် ဆက်စပ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်ကြကြောင်းနှင့် အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်ပြီး မြန်မာနိုင်ငံသားများလည်း ပါဝင်ကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်အတွင်း လူမူရေး ပဋိပက္ခများကို ဖြေရှင်းရာတွင် လူ့အခွင့် အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခမီးများကို တောက်လောင်စေသည့် အပြောအဆို၊ အပြုအမူများ ရှောင်ကြဉ်ရေးတို့ကို အလေးထားရန် NLD က တိုက်တွန်းကြောင်း ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအတွင်းတွင် မေလ ၂၁ ရက်နေ့က ဘင်္ဂါလီလူမျိုး ၂၀၀ ကျော် ပါဝင်သော စက်လှေတစ်စင်းကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာအနီး ပင်လယ်ပြင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် မေလ ၂၉ ရက်နေ့တွင် ဖျာပုံမြို့နယ်အနီး မြန်မာ့ရေပိုင်နက် အတွင်းတွင် ဘင်္ဂါလီ ၇၀၀ ကျော် ပါဝင်သော ငါးဖမ်းသင်္ဘောတစ်စင်းကို ထပ်မံ ဖမ်းဆီးရမိထားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List