Wednesday, June 03, 2015

ကေဒါ တပ်သား အင်အား ၁၅၀၀ ကျော် RCSS/SSA ဌာနချုပ်၌ စစ်သင်တန်းဆင်း





သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် လွယ်တိုင်းလျဲန်း ဌာန ချုပ် ၌ ၆ ကျော်ကြာဖွင့်လှစ်သော အင်အား ၁၅၀၀ ကျော်ရှိ အရာရှိသင်တန်း၊ စစ်ပညာသင်တန်းကို ဂျွန် ၂ ရက်နေ့က သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

၂၀၁၄ နိုဝင်ဘာလ မှ မေလအထိ ၆ လကျော်ကြာ ရဲဘော်သစ်များအား အခြေခံစစ်ပညာ သင်တန်း၊ အရာရှိများအား အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲရေးပိုင်းဆိုင်ရာ အပတ်စဉ် ၁၅/၁ မွမ်းမံသင်တန်းအား RCSS/SSA သျှမ်းပြည်တပ်မတော် အခြေစိုက်ရာ သျှမ်းပြည်တောင် ပိုင်း မိုင်းပန်မြို့နယ် လွယ်တိုင်းလျဲန်း ဌာနချုပ်တွင် ဖွင့်လှစ်သင်ကြားပေး၍ အပြီး ဂျွန်လ ၂ ရက် နေ့က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါသင်တန်းတွင် ဒုဗိုလ် မှ ဗိုလ်ကြီးအဆင့် ၁၅၂ ဦး၊ ဒုတပ်ကြပ် - တပ်ကြပ်ကြီး ၃၇၃ ဦး၊ ရဲဘော်သစ် အခြေခံစစ်ပညာ ၁၀၆၀ ဦး လေ့ လာ သင်ယူခဲ့သည်ဟု - အခမ်းအနား တက်ရောက်သည့် အရာရှိကြီးတဦး ကပြော သည်။

“တိုက်ခိုက်ရေးဆိုင်ရာ၊ တပ်စည်းမျဉ်းစည်းကမ်းဆိုင်ရာတွေ စာတွေ့တော့ ၆ လ လေ့လာ ဆည်းပူးရပြီ။ လက်တွေ့အနေနဲ့ ခင်ဗျားတို့ ရဲဘော်ကေဒါ အား လုံး လူထု နေထိုင်ရာ ဒေသ ကို လက်တွေ့ကွင်းဆင်း တာဝန်ထမ်းဆောင် ရတော့မယ်။ စစ်သားဆိုတာ လူထုကို အနိုင် ကျင့် ဖို့မဟုတ်ဘူး၊ လူ ထုကြောက်အောင် ခြိမ်းခြောက်ဖို့မဟုတ်ဘူး။လူထုကို အကာ အကွယ် ပေး ရမယ်- မမေ့မလျော့ကြပါနဲ့ သတိအမြဲရှိကြပါ လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသွားတယ်”- ဟု RCSS နာယက ဖြစ်သူ စဝ်ပင်ခမ်း ကပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA လွယ်တိုင်း လျဲန်း ဌာနချုပ်၌ စစ်ပညာ ရက်ရှည်သင်တန်း ရက်တိုသင်တန်းများ နှစ်စဉ်နှစ်တိုင်း ပြုလုပ် ခဲ့ပါသည်။ ယခုသင်တန်း ဆင်းပွဲသည် ၂၀၁၅ အတွင်း ပထမဆုံးအသုတ် သင်တန်းမှ ပြုလုပ်သည့် သင်တန်းဆင်းပွဲဖြစ်ပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်း ရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည့် အပြင် နေပြည်တော်အစိုးရ နှင့်ငြိမ်း ချမ်း ရေး အတူလက်တွဲ သည်ဆောက် မည့် ကတိစာချုပ်လည်း ချုပ်ဆိုထား သည့်အဖွဲ့ဖြစ်သည်။

RCSS/SSA သည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုသည့် ၂၀၁၂ ခု နှစ် နောက်ပိုင်း တပ်သားသစ် အဓမ္မ စုဆောင်းမည်မဟုတ်ဟု လည်း ထုတ်ပြန်ထားပါသည်။

ဓါတ်ပုံ- ဂျွန်လ ၂ ရက်နေ့က လွယ်တိုင်းလျဲန်းတွင် ကျင်းပသော စစ်သင်တန်းဆင်းပွဲ
Panglong(Burmese)


No comments:

Post a Comment

My Blog List