Friday, June 05, 2015

အားလုံးအပစ်ရပ်ကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ RCSS/SSA တိုက်တွန်း



ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လော်ခီးလာ၌ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ NCCT အဖွဲ့ဝင် ထိပ်သီးခေါင်း ဆောင်များ တွေ့ဆုံ ဆွေးနွေးနေချိန် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကလည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ ဂျွန် ၃ ရက်က သဘောထားကြေငြာ ချက်တစောင် ထုတ်ပြန်သည်။

ထုတ်ပြန်ကြေငြာချက်အတွင် အချက်သုံးချက်ပါရှိသည့်အနက် အရေးကြီး သည့်အချက် နှစ်ချက်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် RCSS/SSA အနေဖြင့် ကြိုဆိုထောက်ခံကြောင်း၊ အားလုံး၏ သဘောတူညီချက်ဖြင့် ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် နှင့် အညီတည်ငြိမ်ပြီး တရားမျှတမှု၊ အားလုံးပါဝင်နိုင်မှု နိုင်ငံတကာ အသိသက်သေပါဝင်မှု၊ နိုင်ငံရေးပြသနာကို ဖြေရှင်းနိုင်ရန်နိုင်ငံရေးဆွေးနွေး ပွဲ အမြန်စတင်ဖို့ လိုအပ်သည်ဟု သျှမ်းပြည်တပ်မတော် RCSS/SSA ကသဘောထား ထုတ်ပြန်ပါသည်။

“တတိုင်းပြည်လုံးအပစ်ရပ်ဖို့ မေ၂၉ ရက်နေ့တုန်းက ချင်းမိုင်ရောက်လာတဲ့ ဦးအောင်မင်းနဲ့ အဖွဲ့ကို တွေ့တယ်။ ဦးအောင်မင်းနဲ့အတူပါလာတဲ့ ပုဂ္ဂိုလ် အားလုံးက RCSS အနေနဲ့ ထုတ်ပြန်ကြေငြာချက် လုပ်ဖို့ တိုက်တွန်းတယ်။ အဓိက ကတော့ လော်ခီးလာညီလာခံကို တွန်းအားပေးဖို့ပါ၊ အဓိက ကတော့ အမြန်ဆုံးအပစ်ရပ်နိုင်ဖို့နဲ့ နိုင်ငံရေးပြသနာ ဖြေရှင်း နိုင်ဖို့ နိုင်ငံရေးဆွေးနွေး ပွဲ အမြန်ဆုံးစတင်ဖို့လိုတယ်”- ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

မေ ၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိစဉ် ကလည်း သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ် ကြီးယွက်စစ်အား ငြိမ်းချမ်း ရေးအမြန်ဆုံးဖြစ်လာအောင် ဝိုင်းဝန်းပံ့ပိုးပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါသေးသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် ပြီးခဲ့သည့် ၆၈ ကြိမ်မြောက်ပြည် ထောင်စုနေ့ တွင်လည်း နိုင်ငံတော်နှင့်အတူ ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက် သဘောတူ လက်မှတ်ရေးထိုး ထား သည့်တပ်ဖွဲ့ဖြစ်သည်။ ထို့အတွက် မြန်မာ အစိုးရနှင့် နီးစပ်လာနေသည့် တပ်ဖွဲ့များအနက် RCSS/SSA က တဖွဲ့ပါဝင်သည်ဟု အခြားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များမှ ဝေဖန်ခြင်းခံနေရသည်။

Panglong(Burmese)


No comments:

Post a Comment

My Blog List