Monday, June 01, 2015

ကန်ထောက်လှမ်းရေးကို ဖုန်းနားထောင်ခွင့် ပေးမလား ဆွေးနွေးဆဲ


အမေရိကန်နိုင်ငံသားတွေရဲ့တယ်လီဖုန်း ခေါ်ဆိုမှုတွေကို ဆက်လက် ထောက်လှမ်းခွင့် ပေးမလားမပေးဘူး လားလို့  လွှတ်တော်မှာ ဆွေးနွေးနေတုန်း လုံခြုံရေးအေဂျင်စီတွေကတော့ ထောက်လှမ်းမှုလုပ်တဲ့ ကွန်ပြူတာတွေကို တဖြေးဖြေး စတင် ပိတ်ချနေပြီ ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံ ထောက်လှမ်းရေး အက်ဥပဒေကို Patriot Act လို့ ခေါ်ပြီး ဝါရှင်တန် စံတော်ချိန်  ညသန်းခေါင်မှာ သက်တမ်းကုန်တဲ့အတွက် လွှတ်တော် အမတ်တွေက တနင်္ဂနွေနေ့မှာ ထူးထူးခြားခြား ဆွေးနွေးမှု တွေလုပ် ကြပါတယ်။

အမေရိကန် ထောက်လှမ်းရေးက အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပြည်သူ အယောက်ပေါင်း သန်းနဲ့ချီရဲ့ ဖုန်းတွေကို ခိုးနားထောင်တယ်လို့ ဝီကီလစ်ခ်စ် ဝဘ်ဆိုက် တည်ထောင်သူ အက်ဒွက် စနိုဒန် က ပေါက်ကြားလိုက်တဲ့အတွက် အဲဒီ ထောက်လှမ်းရေး အက်ဥပဒေထဲက အချက် တချို့ကို ဆက်ထားသင့်မသင့် ငြင်းခုန်နေကြပါတယ်။

အောက်လွှတ်တော်ကတော့ ထောက်လှမ်းရေး အက်ဥပဒေမူကြမ်း တစ်ခုကို အတည်ပြုလိုက်ပြီး အဲဒီအထဲမှာ ပြည်သူတွေရဲ့ ဖုန်းကို နားထောင်ဖို့ တရားရုံးက ခွင့်ပြုမှသာ လုပ်ဆောင်ဖို့ ပါရှိပါတယ်။

ပြင်ဆင်ရေးသားထားတဲ့ အက်ဥပဒေကို Freedom Act လို့ ခေါ်ဆိုထားပါတယ်။

အမေရိကန် အခြေစိုက် အေဘီစီ သတင်းထောက် ဘင်နိုက် ကတော့ Patriot Act ကို ပယ်ဖျက်လိုက်တာကို အမေရိကန်နိုင်ငံသား အများစုက လိုလားနေကြတယ်လို့ သုံးသပ်ထားပါတယ်။

၂၀၀၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံက မိုးမျှော်တိုက်နှစ်လုံး တိုက်ခိုက်ခံရပြီးနောက်ပိုင်း အမေရိကန် လုံခြုံရေးတပ်တွေ လုပ်ကိုင်ခွင့် အာဏာ အများအပြား ရလာတဲ့အပေါ် ပြည်သူ အများက မကြိုက်ကြဘူးလို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ပြည်သူတွေရဲ့ ဖုန်းတွေကို ခိုးနားထောင်တယ်လို့ အက်ဒွက် စနိုဒန် က ထပ်မံ ဖော်ထုတ်လိုက်ပြီးနောက် ပိုပြီး မကျေမနပ် ဖြစ်နေကြတာပါ။

အခု ပြင်ဆင်ရေးဆွဲထားတဲ့ Freedom Act မှာတော့ အရင်က ထောက်လှမ်းရေးတွေ ရသင့်တဲ့ အခွင့်အာဏာတွေ ပေးထားပေမယ့် ပြည်သူတွေရဲ့ ဖုန်းကို ခိုးနားထောင်ခွင့် မပေးပဲ တရားရုံးရဲ့ ခွင့်ပြုချက် ရမှ လုပ်ဆောင်ဖို့ ပါရှိလာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံရေး သမားတွေကတော့ ဆုံးဖြတ်ချက် မချရသေးပါဘူး။

ABC


No comments:

Post a Comment

My Blog List