Monday, June 01, 2015

စောဆန်းအောင်ကို မူလရာထူးဖြင့် ဒီကေဘီအေ ပြန်လည်လက်ခံ


အစိုးရတပ်မတော်နှင့် တင်းမာမှုကြောင့် ထုတ်ပယ်ထား သည့် စောဆန်းအောင်အား ၎င်း၏ မူလရာထူးပြန်ပေးကာ တပ်ဖွဲ့ဝင် အဖြစ် တရားဝင်ပြန်လည်လက်ခံ လိုက်ပြီဖြစ်ကြောင်း ဒီကေဘီအေ ဆက်ဆံရေးအရာရှိ ဗိုလ်မှူးကြီးအောင်လေးက ပြောသည်။ ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်(ဒီကေဘီအေ)ဒုတိယစစ်ဦးစီးချုပ် ဦးဆောင်ကာ မြ၀တီမြို့ရှိ ဒီကေဘီအေ ဌာနချုပ် ဆုံဆည်းမြိုင်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး တရားဝင်ပြန်လည်ခန့်အပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ် ကြောင်း ဗိုလ်မှူးကြီး အောင်လေး က ပြောသည်။

‘‘တပ်ဖွဲ့ဝင်တွေကလည်း တချို့က တင်ပြကြတယ်လေ။ အရင် အစည်းအဝေးမှာတုန်းက လည်း စောဆန်းအောင်ကို ပြန် လက်ခံဖို့ သဘောတူညီထားတာ တွေရှိတယ်။ အခု ဒီနောက်ဆုံး ဖိုင်နယ်အစည်းအဝေးမှာ သဘာ ပတိက မူလရာထူးနဲ့ ပြန်လက်ခံ လိုက်တာပါ’’ဟု ၎င်းက ပြော သည်။

စောဆန်းအောင်အား ၎င်း ၏ မူလရာထူးဖြစ်သော ဗျူဟာမှူးရာထူးဖြင့် ဒီကေဘီအေ ခေါင်း ဆောင်ပိုင်းက ပြန်လည်ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ဗျူဟာမှူးဗိုလ်မှူးကြီး စောဆန်းအောင်ကို ၂၀၁၄ စက်တင်ဘာက အစိုးရတပ်မတော်နှင့် ကျိုက်မရောမြို့ တွင် ပစ်ခတ်မှုဖြစ်ခဲ့သောကြောင့် ဒီကေဘီအေက ထုတ်ပယ်လိုက် ခြင်းဖြစ်သည်။ ၂၀၁၅ မတ်လ၌ စောဆန်းအောင် ဦးဆောင်သည့် တပ်ဖွဲ့များနှင့် အစိုးရတပ်မတော်တို့ ကော့ကရိတ်မြို့အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဒီကေဘီအေနှင့် ပတ်သက် သော အခြားသတင်းတစ်ရပ်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်မှာ လည်ချောင်းကင်ဆာရောဂါကို စင်ကာပူနိုင်ငံတွင် တစ်လခန့် ကုသခဲ့ပြီး မေလ ၃၁ ရက် နံနက်က ရန်ကုန်သို့ ပြန်လည်ရောက်ရှိကြောင်း၊ ရောဂါအခြေအနေ သက်သာလာကြောင်း ဗိုလ်မှူးကြီး အောင်လေးက ပြောသည်။

မေလ ၂၅ ရက်က အာရှလမ်းမကြီးပေါ်တွင် သံဃနာယက ဆရာတော်များနှင့် ကရင်ပြည် နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့ယာဉ်တန်းကို လက် နက်အပြည့်အစုံဖြင့် တားဆီးစစ် ဆေးသည့်အဖွဲ့မှာ စောဆန်း အောင်၏ ထိန်းချုပ်နယ်မြေမှ ဒီကေဘီအေအဖွဲ့ဖြစ်ကြောင်း လုံခြုံရေးလိုက်ပါခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List