Friday, June 05, 2015

လှေစီးဘင်္ဂါလီများ မောင်တောသို့ စုပြုံလာခြင်းမှာ ဒေသတွင်း တည်ငြိမ် ရေးကိုထိခိုက်စေကြောင်း မောင်တောအရပ်ဘက်အဖွဲ့အစည်းများ ကြေညာချက်ထုတ်


လှေစီးဘင်္ဂါလီများ မောင်တောခရိုင်အတွင်းသို့ စုပြုံရောက်ရှိလာခြင်း ကြောင့် မောင်တောခရိုင်အတွင်း တည် ငြိမ်အေးချမ်းရေးထိခိုက်မည်ကို စိုးရိမ်ပြီး ဘင်္ဂါလီအရေးဖိအားပေး သည့်နိုင်ငံများနှင့် ကုလဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အဖွဲ့တို့ကို သပိတ် မှောက်ကန့်ကွက်သွားမည်ဟု မောင်တော ဒေသ ခံအရပ်ဘက် အဖွဲ့အစည်း ၂၀ ကျော်က ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါကြေညာချက်ကို ဇွန်လ ၃ ရက်တွင် အချက် (၁၃)ချက်ဖြင့် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ကြေညာချက်တွင် လှေစီး ဘင်္ဂါလီများ အတားအဆီးမရှိ ဝင်လာသမျှကို လက်ခံထားမည် ဆိုပါက မောင်တောခရိုင်အတွင်း ရှိ တိုင်းရင်းသားပြည်သူများ အတွက် စိုးရိမ်စိတ်များ ပိုလာစေ သည့်အပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းနေသည့် အခြေ အနေကို ထိခိုက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

‘‘အရင်ကယ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ရာကျော် ကိုတောင် ပြန်မပို့နိုင်သေးတဲ့ အချိန်မှာ နောက်ထပ်ခုနစ်ရာ ကျော် မောင်တောနယ်စပ်ကို ရောက်လာတယ်ဆိုတော့ မောင် တောမြို့ဟာ လူသားအမှိုက်ပုံ ဖြစ်နေပါပြီ။ အခုလိုလက်ခံထား တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက် သွားမှာဖြစ်ပါတယ်’’ဟု ရခိုင်လူမှု ကွန်ရက်(မောင်တော)မှ အဖွဲ့ ခေါင်းဆောင်ဦးစိန်လှဖြူကပြော ကြားသည်။

မေလ ၂၉ ရက်က ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းတွေ့ရှိခဲ့သည့် လှေစီးဘင်္ဂါလီ ခုနစ်ရာကျော်မှာ ဇွန်လ ၃ ရက်တွင်ဟိုင်းကြီးကျွန်းမှတစ်ဆင့် မောင်တောမြို့ ကညင်ချောင်းဆိပ်ကမ်း သို့ရောက်ရှိလာကာ ကညင် ချောင်းမှတစ်ဆင့် တောင်ပြိုလက် ဝဲမြို့သို့ ပြောင်းရွှေ့နေရာချပေး ထားကြောင်း အစိုးရက ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

လှေစီးဘင်္ဂါလီများနှင့်အတူအကြမ်းဖက်သမားများဝင်လာမည်ကိုမောင်တောခရိုင်အတွင်းမှ ဒေသခံများက စိုးရိမ်နေကြ ကြောင်း စစ်တွေမြို့မှ တောင်ပြိုလက်ဝဲမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမ
တစ်ဦးကပြောကြားသည်။

7Day News Journal


No comments:

Post a Comment

My Blog List