Friday, June 05, 2015

ဂူးဂဲလ်၏ ထိပ်တန်း ရာဇဝတ်သား ဆယ်ဦးစာရင်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပုံပါရှိလာ


ဂူးဂဲလ်၏ ရှာဖွေရေးအင်ဂျင်တွင် Top 10 criminals ထိပ်တန်း ရာဇဝတ်သား ၁၀ ဦး စာရင်းကို ရှာဖွေလျှင် အိန္ဒိယနိုင်ငံလက်ရှိ ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ပုံများ ပါဝင်နေ၍ အင်တာနက် ကုမ္ပဏီကြီး ဂူးဂဲလ်က ပြန်လည် တောင်းပန်ခဲ့ရသည်။

“ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဘယ်လို အရှုပ်အထွေးကြောင့်ပဲဖြစ်ဖြစ်၊ နားလည်မှု လွဲတာကြောင့်ပဲ ဖြစ်ဖြစ် ဒီလိုဖြစ်သွားခဲ့ရတဲ့ အတွက် တောင်းပန်တာပါ”ဟု ဂူးဂဲလ်က ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ် မိုဒီ၏ ပုံများသည် ဂူးဂဲလ်၏ စာမျက်နှာတွင် အကြမ်းဖက်သမားများ၊ လူသတ်သမားများနှင့် အာဏာရှင်များ၏ ပုံများနှင့် ယှဉ်တွဲဖော်ပြထားခံရခြင်း ဖြစ်သည်။

ထို ရာဇဝတ်သားစာရင်းတွင် ဖော်ပြပါဝင်နေသည့် အခြားခေါင်းဆောင်နှစ်ဦးမှာ အမေရိကန် သမ္မတ ဟောင်း ဂျော့ဘုရှ်နှင့် လစ်ဗျားခေါင်းဆောင် မွတ်မာ ကဒါဖီတို့ ဖြစ်ကြသည်။

“ဒီကိစ္စက ကျွန်တော်တို့အတွက် တကယ့်ကို ပြဿနာပါ။ ဒီလို ဓာတ်ပုံတွေ ယှဉ်တွဲပြနေတာက ကျွန်တော်ရဲ့ သဘောထားအမြင် လုံးလုံးမဟုတ်ပါဘူး” ဟု ဗုဒ္ဓဟူးနေ့ညက ဂူးဂဲလ်ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“တစ်ခါတစ်လေမှာ အင်တာနက်က အထူးရှာဖွေမှုတွေကို ဖော်ပြရာမှာ အံ့သြစရာကောင်းတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို တစ်လွဲတစ်ချော်ဖြစ်တာတွေကို တားဆီးကာကွယ်ဖို့ ကျွန်တော်တို့တွေ လုပ်ဆောင်နေပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုဒီပုံအား ထိပ်တန်းရာဇဝတ်သား ဆယ်ဦးစာရင်းတွင် တွေ့ရှိခြင်းကို ဗြိတိန်သတင်းစာတစ်စောင်က ဖော်ပြရာမှ သိရှိခြင်းဖြစ်ကြောင်း ဂူးဂဲလ်က ပြောခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာ မိုဒီ။ (ဓာတ်ပုံ - ရိုက်တာ)
Mizzima - News in Burmese


No comments:

Post a Comment

My Blog List