Thursday, June 04, 2015

လှေစီးဒုက္ခသည် ဘင်္ဂါလီအရေး ပုသိမ်မြို့တွင် ရဟန်းရှင်လူ တစ်သောင်းကျော် ဆန္ဒပြ


မဘသအ ဖွဲ့ချုပ်က ဦးဆောင်၍ ပုသိမ်မြို့တွင် ဇွန်လ ၃ ရက် နေ့လယ်၌ လှေစီးဒုက္ခသည် အမည်ခံ ဘင်္ဂါလီများအရေးနှင့်ပတ်သက်၍ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရဟန်းနှင့် ပြည်သူတစ်သောင်းကျော် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

‘‘မြန်မာနိုင်ငံရဲ့ တိုင်းရင်း သား ၁၃၅မျိုးထဲမှာ ဘင်္ဂါလီဆို တာမပါဘူးဆိုတာကို ကုလသမဂ္ဂ အဖွဲ့အစည်းသိစေချင်လို့၊ လူ့အခွင့်အရေးကို ရှေ့တန်းတင်ပြီး ဆောင်ရွက်မယ်ဆိုရင်လည်း မင်း တို့နိုင်ငံကိုသာ သူတို့ကိုခေါ်သွား ကြပါ။ မြန်မာနိုင်ငံကတော့တစ် ယောက်သောပုဂ္ဂိုလ်ကိုမှ လက်မ ခံနိုင်ဘူးဆိုတာ ဘုန်းကြီး တို့က ရည်ရွယ်ချက်ရှိရှိနဲ့ ဆန္ဒဖော်ထုတ် ပွဲကို ကျင်းပရခြင်းဖြစ်တယ်’’ဟု အဆိုပါ ဆန္ဒပြပွဲဦးဆောင်သော အမျိုးဘာသာ သာသနာ ထိန်း သိမ်းစောင့်ရှောက်ရေး(မဘသ)အဖွဲ့ချုပ်(ဗဟို)မှ ဆရာတော် ဦးပါမောက္ခ
ကပြောသည်။

အဆိုပါဆန္ဒပြသူများသည် ‘‘လှေစီးဒုက္ခသည် ဘင်္ဂါလီများအ မြန်ထွက်သွား’’၊ ‘‘လှေစီးဘင်္ဂါလီ မြန်မာ့မြေပေါ်က မောင်းထုတ်ရေး ဒို့အရေး’’၊ ‘‘လှေစီးဘင်္ဂါလီ နောက် ထပ်မြန်မာပြည်မလာရေး ဒို့အရေး’’၊ ‘‘ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီမှန်သမျှ အလိုမရှိ’’၊ ‘‘ဘင်္ဂါလီမှန် ဘင်္ဂလားပြန် ငါတို့မြေကိုအနင်းမခံ’’၊‘‘သိက္ခာမရှိသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအားဆန့်ကျင်ကြ’’ စသည့်ကြွေးကြော်သံများဖြင့် ပုသိမ်မြို့တွင်းသို့ လှည့်လည်ဆန္ဒပြ ခဲ့ကြသည်။

ထို့အပြင် ပြည်ပနိုင်ငံကြီးများ၏ လူ့အခွင့်အရေးအကြောင်း ပြ နိုင်ငံရေးတိုက်ကွက်ဖော်နေမှုကို ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ စ သည့်ပိုစတာဗီနိုင်းများကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့်ကိုင် ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

‘‘ရိုဟင်ဂျာခေါ် လှေစီးဒုက္ခ သည် ခိုးဝင်ဘင်္ဂါလီများအရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာအမေရိကန်သံတမန်နဲ့ ကု လသမဂ္ဂလုံခြုံရေးကောင်စီတံခါး ပိတ်အစည်းအဝေးဆုံးဖြတ်ချက် များကို ကန့်ကွက်ဆန့်ကျင် ကြောင်း ဆန္ဒပြတာပါ။ ထပ်ပြီးဖိ အားပေးနေဦးမယ်ဆိုရင်တော့ ဦး ပဉ္စင်းတို့ဆက်ပြီးလုပ်ရဦးမှာပါပဲ။ အစိုးရရဲ့တချို့အရာတွေမှာအား ရမှုရှိပါတယ်။ အချို့သောအရာ တွေမှာတော့ အားရမှုမရှိပါဘူး။ လူမျိုးခြား၊ ဘာသာခြားနဲ့ပြဿနာ ဖြစ်ရင် ငွေယူပြီးတော့ အနိုင်ပေး နေတာတွေရှိတယ်။ 

ဒါတွေကို ရပ်တန်းက မရပ်ရင်တော့ ဦးပဉ္စင်း တို့က ဆက်ပြီးအစိုးရကိုလည်း ဆန္ဒပြသင့်ရင် ပြရမှာပါပဲ’’ဟု ဆ ရာတော်ဦးပါမောက္ခကမိန့်ကြား သည်။ ဆန္ဒပြပွဲကို ဧရာဝတီတိုင်း ဒေသကြီး ၂၆မြို့နယ်ရှိ မဘသအဖွဲ့ များကစုပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ပုသိမ်မြို့ ကမ်းနားလမ်းတွင်နေထိုင်သည့် ဦးသာဖြိုးမောင်ကငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လှည်ခွင်ရရှိရန် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့သို့ ခွင့်ပြုချက်တောင်းခံခဲ့သည်။

ဆန္ဒပြပွဲကို နေ့လယ် ၁နာရီတွင် ပုသိမ်မြို့ ကုန်သည်လမ်း ရွှေမုဌော ဘုရားအရှေ့ဘက်မုခ်မှ စတင် ချီတက်ခဲ့ပြီးနောက် ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရှုခင်းသာနေရာတွင် ဟောပြောပွဲကျင်းပကာ ညနေ ၄ နာရီတွင်ရုပ်သိမ်းခဲ့သည်။

ဓာတ်ပုံ − သက်ဆွေ
7Day Daily


No comments:

Post a Comment

My Blog List