စံချိန်တင်မယ့် ကမ္ဘာပတ်ခရီးကို နေစွမ်းအင်နဲ့ ပျံသန်းနေတဲ့ Solar Impulse လေယာဉ်ဟာ ဂျပန်နိုင်ငံမှာ မမျှော်လင့်ဘဲ ဆင်းသက်ခဲ့ရပြီးနောက် ထိခိုက်ပျက်စီးမှုတချို့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ဆိုလာလေယာဉ်ဟာ ပစ္စိဖိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းစဉ် ရာသီဥတု ဆိုးရွားတဲ့အတွက် တနင်္လာနေ့က ဂျပန်နိုင်ငံ၊ နာဂိုယာမြို့မှာ စီစဉ်မထားဘဲ ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။
နာဂိုယာမှာ ဆင်းသက်စဉ်က ချောချောမွေ့မွေ့ ရှိခဲ့ပေမယ့် ဆင်းသက်ပြီး နောက်ပိုင်းမှ လေပြင်းဒဏ်ကြောင့် အကြမ်းမခံတဲ့ တောင်ပံတွေ ထိခိုက် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဒါပေမယ့် လေယာဉ်အဖွဲ့သားတွေကတော့ အဲဒီ ထိခိုက်မှုတွေကို ပြုပြင်ပြီး သူတို့ရဲ့ ခရီးရှည်ကြီးကို ဆက်လက် ပျံသန်းနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
BBC

No comments:
Post a Comment