Monday, June 01, 2015

ဆီးရီးယားအစိုးရ ရဟတ်ယာဉ်များ ရေတိုင်ကီဗုံးကျဲချမှု လူအများအပြားသေဆုံး


ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်မှာ မေ ၃၀ ရက်က အစိုးရ ရဟတ်ယာဉ်တွေက လူစည်ကားတဲ့ နေရာတွေမှာ ရေတိုင်ကီဗုံးတွေ ကျဲချ ပေါက်ကွဲခဲ့ပြီး ဒေသခံ ၇၂ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

အိုင်အက်စ် အစွန်းရောက်တွေ ထိန်းချုပ်ထားတဲ့ အယ်ဘတ်ဘ်မြို့ ဈေးတခုပေါ် ကျရောက်ခဲ့ပြီး လူ ၆၀ သေဆုံးခဲ့သလို အလစ်ပိုမြို့ရဲ့ ရပ်ကွက်တခုပေါ် ကျဲချခဲ့ရာမှာလည်း လူ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ရေတိုင်ကီထဲ ဖောက်ခွဲရေးပစ္စည်းတွေ၊ ထိခိုက်ပျက်စီးမှု ပြင်းထန်အောင် သံတိုသံစတွေ၊ တခါတရံမှာ ကလိုရင်း ဓာတုဆေးတွေကိုထည့်ပြီး ကျဲချတာကြောင့် ဒီတိုင်ကီဗုံးတွေကို မသုံးစွဲဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ်ထားတာပါ။

ဒါပေမယ့် သမ္မတအာဆတ်အစိုးရက ၂၀၁၄ ခုနှစ်အတွင်း နေရာတော်တော်များများမှာ အခုလို တိုင်ကီဗုံးတွေကို ကျဲချခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ဖေဖော်ဝါရီလက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သမ္မတနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာလည်း ဆီးရီးယားအစိုးရမှာ တိုင်ကီဗုံးတွေ မရှိဘူး၊ တခါမှလည်း မသုံးဘူးလို့ ငြင်းဆိုထားပါတယ်။

အရင်က ဆီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်ခဲ့တဲ့ အလက်ပိုမြို့ကို အစိုးရတပ်တွေနဲ့ သူပုန်တပ်တွေက တဖက်စီ ထိန်းချုပ်ထားကြပါတယ်။

၎ နှစ်ကျော်ကြာ ဆီးရီးယားပြည်တွင်းစစ်မှာ သေဆုံးသူ ၂၂၀၀၀၀ ကျော်ရှိပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

DVB


No comments:

Post a Comment

My Blog List