ရုရှားနိုင်ငံက ဥရောပ နိုင်ငံက နိုင်ငံရေးသမား ၈၉ ယောက်ကို သူ့နိုင်ငံထဲ ဝင်ခွင့်မပေးတဲ့အပေါ် ဗြိတိန် အစိုးရက ဝေဖန်လိုက်ပါတယ်။ရုရှားကတော့ သူ့နိုင်ငံကို ဝင်ခွင့် ပိတ်ပင်တဲ့ လူတွေရဲ့ စာရင်းကို အတိအကျ ဖော်ပြတာ မဟုတ်ပေမယ့် ရုရှားနိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်ခံရသူတွေထဲမှာ ပြင်သစ်နိုင်ငံက တွေးခေါ် ပညာရှင်တွေ၊ ဗြိတိန်ရဲ့ ဒုဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးတဲ့ Nick Cleggနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်းတွေလည်း ပါဝင်ပါတယ်။
ဒါကတော့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားအပေါ် အနောက်တိုင်းနိုင်ငံ တွေက ဒဏ်ခတ်ပိတ်ဆို့မှု လုပ်တာကို တုန့်ပြန်တဲ့အနေနဲ့ ရုရှားက အခုလို သူ့နိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်လိုက်တာ ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
ရုရှားနိုင်ငံခြားရေး ဌာနကတော့ အမေရိကန် နိုင်ငံရေး သမားတွေအပေါ် လည်း အလားတူ ပိတ်ပင်ထားပေမယ့် အမေရိကန်ကတော့ ဥရောပ နိုင်ငံရေးသမားတွေကို ပြောဆိုမနေပဲ တိတ်ဆိတ်သာ နေတယ်လို့ ပြောဆိုထားပါတယ်။
တချို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်းစေချင်လို့ ရုရှားက အခုလို ခရီးသွား ပိတ်ပင်မှုတွေ လုပ်တာ ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။
ABC
No comments:
Post a Comment