Friday, June 05, 2015

မန္တလေးမြို့တော်ရှိ ကြော်ငြာဆိုင်းဘုတ်များ ထက်ဝက်ခန့်လျှော့ချမည်


မန္တလေးမြို့တော်၏အလှအပ နှင့် အမြင်တင့်တယ်မှုရှိစေရေးအတွက် ကြော်ငြာဆိုင်းဘုတ်များကို လက်ရှိအ ရေအတွက်ထက် ထက်ဝက်ခန့်လျှော့ ချသွားမည်ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရသည်။

နံရံကပ်ကြော်ငြာများ၊ LED ကြော်ငြာများ၊ အရွယ်စုံတင်ထောင် ကြော်ငြာများမှာ အလွန်များပြားလာ သောကြောင့် အရေအတွက်လျှော့ချ ဆောင်ရွက်ရခြင်းဖြစ်ကာ အလှည့်မျိုး စုံဖြင့် ကြော်ငြာထားသည်များကိုလည်း လမ်းနှင့်အပြိုင် ၃ဝ ဒီဂရီအစောင်းသို့ တညီတညာတည်း တစ်ပြေးညီဖြစ်စေ ရန်ဆောင်ရွက်သွားမည်ဟု သိရသည်။

ထို့ပြင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ ကြော်ငြာများ ကို ၁၃ပေx၃၃ပေ အရွယ်အစားနှင့် ၆ပေx၁ဝပေ အရွယ်အစားများကိုသာ ခွင့်ပြုထားခဲ့ရာမှ ယခုအခါ ၁၃ပေx ၃၃ပေအရွယ် ကြော်ငြာများကို ခွင့်ပြု တော့မည်မဟုတ်ကြောင်း သိရသည်။

''ကြော်ငြာမြို့တော်ကြီးလို့ ပြော ရလောက်အောင် အများပြည်သူတို့ ထင်သာမြင်သာဖြစ်စေတဲ့ နေရာတွေ မှာ ကြော်ငြာဘုတ်တွေ လက်ညှိုးထိုး မလွဲအောင် တွေ့မြင်နေရတဲ့အတွက် မြို့တော်ရဲ့အလှအပ အမြင်တင့်တယ် မှုကို ထိခိုက်လာတာကို တွေ့နေရတယ်။ ဒါကြောင့် ကြော်ငြာဘုတ်တွေကို တစ် ဝက်လောက်အထိ လျှော့ချသွားမယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီဝင်(၂) ဦးခင်မောင်တင့် က ပြောသည်။

ကြော်ငြာအရေအတွက် လျှော့ ချရာတွင် ဓာတ်တိုင်အစားထိုးကြော် ငြာ ၄ပေx၂ဒသမ၆ပေအရွယ်အစား ရှိ Sweety Home တိုင်ထောင်ကြော်ငြာ များကို လက်ရှိ ၂၆ဝမှ ၁၃ဝသို့လည်း ကောင်း၊ ၅ပေx၃ပေ ရှိ ဥသမနိသသ တိုင်ထောင်ကြော်ငြာ အရေအတွက် ၉၁၄ ခုမှ ၄၅၇ ခုသို့လည်းကောင်း၊ ၆ ပေx၁ဝပေရှိ ဥသမနိသသ တိုင်ထောင် ကြော်ငြာအရေအတွက် ၅၉ဝမှ၂၉၅ ခုသို့လည်းကောင်း၊ ထို့ပြင်အရွယ်စုံ တိုင်ထောင်ကြော်ငြာ ၅ဝ၉ ခုမှ၂ဝ၉ ခုသို့လည်းကောင်း အသီးသီးလျှော့ ချသွားမည်ဖြစ်သည်။

''မန္တလေးမြို့တော်ဟာ အထင်က ရမြို့တော်ကြီးတစ်ခုပါပဲ။ အခုနောက် ပိုင်းမှာဆို ခေတ်မီလာတာကတစ်ပိုင်း ပေါ့။ ကြော်ငြာဘုတ်တွေ အရမ်းများ လာတော့ အမြင်မတင့်တယ်တော့ဘူး။ ဒါတွေကို သက်ဆိုင်ရာတွေက စဉ်းစား သင့်ပါတယ်'' ဟု မန္တလေးမြို့ခံတစ်ဦး ဖြစ်သူကိုထွန်းထွန်းနိုင်က ပြောသည်။

မန္တလေးမြို့တွင် ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ခန့်မှန်းအား ဖြင့် ကြော်ငြာပေါင်း ၃၂၃၃ခု ကြော် ငြာထားပြီး မီးရထားခုံးကျော်တံတား အဝင်နှင့် ပလက်ဖောင်းများ၊ လမ်းဆုံ မီးပွိုင့်နေရာများရှိ ကြော်ငြာများကို ဖြုတ် သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group


No comments:

Post a Comment

My Blog List