Thursday, June 04, 2015

ပြည်ထောင်စုလွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို သတင်းရယူ ခွင့်ကန့်သတ်ရခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်နာယက၏ ရှင်းလင်းပြောကြား ချက်များအပေါ် မီဒီယာသမားအချို့ တုံ့ပြန်ထောက်ပြ


ပြည်ထောင်စု လွှတ် တော်အတွင်း ဆောင်ရွက်ချက်များကို သတင်းရယူခွင့် ကန့်သတ်ရခြင်းသည် လွှတ်တော်ကိုယ်စား လှယ်အချို့၏ လုပ်ရပ်အပေါ် ပြည်သူများအထင် အမြင်လွဲမှားခြင်း၊ အချင်းချင်းကြား သံသယရှိခြင်းများ မဖြစ်ပေါ်စေရန် ဆောင်ရွက် ရခြင်းဖြစ်သည် ဟု ပြည် ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာ ယက သူရဦးရွှေမန်းက ဇွန် ၃ ရက် တွင်ကျင်း ပသည့် ပြည်ထောင်စု လွှတ်တော်အတွင်း ရှင်းလင်းပြော ကြားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ သတင်း ရယူခွင့် ကန့်သတ်လိုက်ခြင်းနှင့် သူရ ဦးရွှေမန်း၏ ပြော ဆိုချက်အချို့အ ပေါ် သတင်းမီ ဒီ ယာလောက သား အချို့က မေးခွန်း ထုတ်တုံ့ပြန်ပြော ဆိုလိုက်ကြသည်။

ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး၌ စက်ခလုတ်သုံးမဲခွဲဆုံးဖြတ် ချိန်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်နှ စ်ဦး က မဲခွဲချိန်တွင် မရှိသည့် ကိုယ်စားလှယ် ကိုယ်စား မဲပေးနေပုံ ကို သတင်းမီဒီယာတစ်ခု က လွှတ်တော် သတင်းခန်းမှတစ် ဆင့် ဓာတ်ပုံရိုက်ကူးကာ လက်ပွား ကိုယ်တော်များ၏ သံသယရှိစရာ မဲရလဒ်များဟု ပုံနှိပ်ဖော်ပြခဲ့ရာမှ ယခုကဲ့သို့ ဖြစ်စဉ်ပြော ဆိုချက်များ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။

ကိုယ်စားမဲပေးခဲ့သည့်ဖြစ်စဉ် နှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စား လှယ် အစုအဖွဲ့ကိုယ်စား တပ်မတော်သားကိုယ်စားလှယ် ဗိုလ် မှူးချုပ် တင်ဆန်း က ယင်းကဲ့သို့ မဲ ပေးခဲ့ခြင်းသည် တပ်မတော်သားကိုယ် စားလှယ်နှစ်ဦးက ဥပဒေကြမ်း ကော်မတီ အစည်းအဝေးသို့ တက် ရောက်နေ သဖြင့် ကျန်တပ်မတော် သားကိုယ်စားလှယ်နှစ်ဦးက ကိုယ် စား စက်ခလုတ်နှိပ်မဲပေး ခဲ့ခြင်းဖြစ် ကြောင်း ၊ ထိုသို့ နောက်နောင် မဖြစ် ပေါ် ရန် သတိပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက် ခဲ့ခြင်းသည် လည်း သဘောရိုးဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်သဖြင့် မီဒီယာ များအနေဖြင့် အကြောင်းအကျိုးရှေ့ နောက် ချင့်ချိန်ပြီး မီဒီယာကျင့်ဝတ် နှင့် မညီညွတ်မှုများ ဆက်လက်မဖြစ် ပေါ်စေရန် ကြပ်မတ်ဆောင်ရွက် ပေးရန် မိမိထံစာရေးသားတောင်း ဆိုခဲ့သည်ဟု လွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြောသည်။

ယင်းတောင်းဆိုချက်နှင့်ပတ် သက်၍ သူရဦးရွှေမန်းက ''သင့်တင့် မျှတတဲ့ တင်ပြချက်ဖြစ်တာကြောင့် လွှတ်တော်အစည်းအဝေးခန်း မကြီး အတွင်းသို့ ကြည့်ရှုမြင်တွေ့နိုင်တဲ့ အခန်းများအတွင်း မီဒီယာများ ဝင် ရောက်ကာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူး ခွင့်ကို ကန့်သတ် လိုက်ခြင်းဖြစ်ပါ တယ်။ မီဒီယာများ လွှတ်တော်မှာ သတင်းရယူဖို့ လိုအပ်တာက လွှတ် တော်မှာ ဒီနေ့ဘာ အကြောင်းအရာ တွေကို ဘယ်လိုဆွေးနွေးဆုံးဖြတ်ကြ တယ်ဆိုတာ အဓိကလို့ထင်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြောသည်။

ယင်းကဆက်လက်ပြီး ''စောစော က ပြောခဲ့တဲ့လက်ပွားကိုယ်တော် များ ကိစ္စမတိုင်ခင်ကလဲ ဒီအခန်း များကနေ ဓာတ်ပုံရိုက်ကူးပြီး ဒီလို ပဲသတင်း ဂျာနယ်တွေမှာ ဖော်ပြခံခဲ့ရ တဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ ရဲ့ လုပ်ဆောင်မှု များ မြင်မကောင်း အောင် တွေ့ရှိ ခဲ့ပါတယ်။ ဒီအခြေအ နေ ကိုသုံးသပ်ရင် နောက်ပိုင်းလဲ ဒီလို ကိစ္စမျိုးတွေ ထပ်ဖြစ်လာပြီး မလိုလား အပ်တာတွေဖြစ်ပေါ်လာနိုင်ပါတယ်'' ဟု ပြောသည်။

ယင်းကဲ့သို့ဖြစ်စဉ်များကြောင့် လွှတ်တော်ကို ပြည်သူများ အထင် အမြင်လွဲမှားခြင်း၊ အချင်းချင်းကြား သံသယရှိခြင်းများ မဖြစ်ပေါ်စေ ရန် ဆောင်ရွက် ရခြင်းဟု ဆက်လက်ရှင်း လင်းခဲ့သည်။

ယင်းကဲ့သို့ လွှတ်တော်နာယ ကသူရဦးရွှေမန်း၏ ပြောဆိုမှုအချို့ အပေါ် မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ(ယာယီ)အတွင်းရေးမှူး ဦးကျော် မင်းဆွေက ''သတင်းရဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်ကိုပဲပြောမယ်။ သတင်းဆို တာ ပါတဲ့ကာယကံရှင်အကြောင်း ရေးရင် အဲဒီကာယကံရှင်ရဲ့ အသံ ပါရမယ်။ Opinion ဆောင်းပါး ဆိုရင်လဲ တစ်ဖက်သတ်ရေးတာမျိုး က Opinion ဆာင်းပါးရေးတယ် လို့ ပြောရခက်တယ်။ ဘာကြောင့်ဆို တာ ကာယကံရှင် ကို သွားမေးရမယ်။ ဒါကို ကျွန်တော်က သီအိုရီနဲ့ပဲပြော တာပါ။ ဒါကသတင်း နဲ့ ပတ်သက်ပြီး ပြောတာ။ နောက်တစ်ခုက မီဒီယာ တစ်ခုကလုပ်တာနဲ့ မီဒီယာအားလုံး ကို ပိတ်တယ်ဆိုတာကရော လုပ်သင့် ရဲ့လားလို့ မေးချင်ပါ တယ်။ ဆိုလို တာက တပ်မတော်သားတစ်ယောက် က စည်းကမ်းဖောက် ဖျက်တယ်ဆို ကြပါစို့။ တပ်မတော်ကြီး တစ်ခု လုံး ကို ကျွန်တော်တို့ ဝါးလုံးရှည်နဲ့ သိမ်း ရမ်းလို့ရမလား။ ကျွန်တော် ဥပမာ အနေနဲ့ ပြောပြတာပါ။ ဥပမာအား ဖြင့် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက စည်းကမ်းဖောက် ဖျက်တယ်။ ဥပဒေချိုးဖောက်တယ် ဆိုပြီး လွှတ်တော်ကြီး တစ်ခုလုံးကို ဥပဒေချိုးဖောက်တယ်လို့ ပြောလို့ ရမလား။ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးက အရည်အချင်းလိုအပ် ချက် စည်းကမ်းချက် တစ်ခုခု ချိုး ဖောက်လို့ရှိရင် လွှတ်တော်ကြီးတစ် ခုလုံးကို အပြစ်ပေးတာမျိုး၊ ပိတ်ပင် တာမျိုးကို လုပ်သင့်လား၊ မလုပ် သင့်ဘူးလားဆို တာကို ပြန်ဖြေပါ လို့ ပြောရမှာပေါ့။ မီဒီယာဟာ လွှတ် တော်အတွက် အလုပ်လုပ်နေတာ မဟုတ်ဘူး။ လွှတ်တော်ကိုယ်စား လှယ်တွေကလဲ ကိုယ်စားလှယ်အ ချင်းချင်း နားလည်မှုရှိအောင် လုပ် နေတာမဟုတ်ဘူး။ ပြည်သူလူထု အတွက် နိုင်ငံတော်အတွက် လုပ် နေကြတာ။ ပြည်သူရွေးချယ်ထားတဲ့ ကိုယ်စား လှယ်တွေ ဘာလုပ်နေ လဲဆိုတာ ပြည်သူကသိခွင့်ရှိတယ်။ အထူးသဖြင့် လွှတ်တော်ကဲ့သို့ ဥပဒေ ပြုရေးခန်းမထဲမှာထိုင်နေတဲ့ မည် သည့်ကိုယ်စား လှယ်ပဲဖြစ်ဖြစ် ပြည် သူက ရွေးချယ်တင်မြှောက်ထားတဲ့ အတွက် အဲဒီကိုယ်စားလှယ် ဘာ လုပ်နေတယ်ဆိုတာ ပြည်သူက သိ သင့်တယ်။ တပ်မတော်သားသည် ပင်လျှင် ပြည်သူ့ဝန်ထမ်းလေ။ လွှတ်တော်ကိုယ်စား လှယ်က ဘာ လုပ်ဖို၊့ သတင်းသမားက ဘာပဲတင် ပြဖို့ဆိုတာ ဖရိန်ချပြီး ပြော လို့မရ ဘူး။ ဒီမိုကရေစီကိုသွားနေ တဲ့အ ချိန်မှာ ပြဿ နာတွေကိုဖြေရှင်းတဲ့ အခါ ဒီမိုကရေစီနည်းလမ်းတွေနဲ့ ဖြေရှင်းရမယ်။ ဒီမိုကရေစီနည်းလမ်း နဲ့ မဖြေရှင်းရင် ပြည်သူ က သံသယ ဖြစ်မှာပေါ့''ဟု ပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ အတွင်းရေးမှူးဦးမြင့်ကျော်က ''လွှတ် တော် ဥပဒေ ၊ နည်းဥပဒေတွေမှာ ဒီလို မျိုးကိုယ်စား စက်ခလုတ်နှိပ် မဲပေး ခွင့်ပေးထား လား။ ဒါကို မီဒီယာက ရေးတယ်၊ ကိုယ်စားပေးခွင့်မရှိဘူးဆို ရင် မီဒီယာကို ကျင့်ဝတ်နဲ့မညီဘူးလို့ ပြောလို့မရဘူး၊ မီဒီယာကရေးတာမ မှန်ဘူးဆိုရင်လဲ သက်ဆိုင်ရာမီဒီယာ ကိုတရားစွဲလို့ရတာပဲ။လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ မှာဘာ လုပ်နေတယ်ဆိုတာ မီဒီယာ သမားတွေ မဖော်ပြရင် ဘယ်သူက သိနိုင်မှာလဲ။ မကောင်းတာ မသိ စေချင်ရင် ဒီလိုမလုပ်ဖို့ဘဲ လိုတယ် လို့ ထင်တယ်။ မီဒီယာသမားတွေ မဖော်ပြနိုင်ရင်ပြောနေတဲ့ ပွင့်လင်း မြင်သာမှု၊ တာဝန်ခံမှုဆိုတာတွေ၊ မရေးနဲ့ မသားနဲ့ဆိုရင် သွားနေ တဲ့ လမ်းကြောင်းက ဘယ်ကိုဦးတည် နေ တာလဲလို့ မေးခွန်းပြန်ထုတ်ချင် တယ်''ဟု ပြောသည်။

မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီ (ယာယီ)မှ ဦးသီဟစောက ''အစိုးရ၊ လွှတ်တော်၊ တရားရေး၊ တပ်မတော် တို့နဲ့ မီဒီယာကြားပြေလည်ဖို့ စာနယ် ဇင်းကောင်စီအနေနဲ့ ဆောင်ရွက်နေ ပေမယ့် အခုထိ ရောက်သင့်တဲ့ခရီး ကိုမရောက်သေးဘူး။ ဒီဖြစ်စဉ်တွေ က တစ်ဖက်နဲ့ တစ်ဖက်နားလည်မှု လွဲတာ၊ ယုံကြည်မှုလွဲတာတွေရှိနေ တုန်းပဲဆိုတာကို ဖော်ပြနေ တယ်။ တော်တော်လုပ်ယူရမယ်''ဟု ပြော သည်။ 

YM
#Democracytoday


No comments:

Post a Comment

My Blog List