Wednesday, June 03, 2015

နိုင်ငံရေးအတွေ့အကြုံမရှိ၍ ရွေးကောက်ပွဲဝင်ဦးမည်မဟုတ်ဟု ဦးကျော်သူ ငြင်းဆို


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဋ္ဌ ဦးကျော်သူက နိုင်ငံရေးအတွေ့ အကြုံမရှိသေး ခြင်းကြောင့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် ဦးမည်မဟုတ်ဟု ဇွန် ၂ရက်က ငြင်း ဆိုလိုက်သည်။

ဦးကျော်သူက လာမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်ဖြစ်ပါက ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ် သို့မဟုတ် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တို့မှ ဝင်ရောက်မည်ဟု ¤င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားခဲ့ခြင်းမှာ အပြုသဘောဆောင်၍ ရေးသား ခဲ့ခြင်းသာဖြစ်ကြောင်း ¤င်းက ဆို သည်။

''သတင်းထောက်တွေက ကျွန် တော့်ကို ရွေးကောက်ပွဲမဝင်ဘူးလား လို့မေးနေလို့ ကျွန်တော်ဖေ့စ်ဘွတ်ခ် ပေါ်မှာ ဝင်ရင်ကောင်းမလားလို့ရေး တင်ခဲ့တာပါ။ ဝင်မယ်ဆိုရင် မှတ်ပုံ တင်တွေလုပ်ရဦးမှာ။ သေချာမှပြော တာ ပိုကောင်းပါတယ်''ဟု ဦးကျော်သူ က ရှင်းပြသည်။

''လွှတ်တော်ထဲမှာ ကျွန်တော်တို့လို လူမှုရေးအသင်းအဖွဲ့တွေကို တင်ပြ ဆွေးနွေးနေတာတွေမရှိလို့ ကျွန်တော်က လွှတ်တော်ထဲဝင်ပြီး တင်ပြဆွေးနွေးရင် အကျိုးရှိမလား လို့ ရေးတင်ခဲ့တာပါ။ 

ကျွန်တော့်မှာ နိုင်ငံရေးအတွေ့အကြုံ မရှိသေးပါ ဘူး။ ကျွန်တော်အခုတင် ထားတဲ့ Status ကိုကြည့်ရင် သိနိုင်ပါတယ်''ဟု ဦးကျော်သူက ပြောသည်။

ဦးကျော်သူမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ၂ဝဝ၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူအများ၏ လေးစားမှုကိုရရှိခဲ့ကာ မြန်မာလူငယ်များကိုလည်း လူမှုရေးကိစ္စများတွင် စိတ်ဝင်စားလာအောင် တွန်းအား ပေးနိုင်ခဲ့ သည်ဟု လူငယ်အသိုင်းအဝိုင်းမှ သိရသည်။

MET(M.M.K)
‪#‎Democracytodaynewspaper‬


No comments:

Post a Comment

My Blog List