Tuesday, June 02, 2015

သက်တမ်းကုန်ဆုံးသည့် ဝှိုက်ကတ်အား ဆက်လက်ကိုင်ဆောင် အသုံးပြုနေ ပါက အမျိုးသားမှတ်ပုံတင်ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်အရေး ယူနိုင်


သက်တမ်းကုန်ဆုံးသည့် ဝှိုက်ကတ်အား ဆက်လက်ကိုင် ဆောင်အသုံးပြုနေပါက အမျိုးသား မှတ်ပုံတင်ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်အရေးယူနိုင်ပြီး ပျက်စီး၊ ပျောက်ဆုံးကြောင်း အ ထောက်အထားခိုင်လုံစွာဖြင့် တင်ပြ လျှောက်ထားလာပါက စိစစ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ သိရသည်။

ယာယီသက်သေခံလက်မှတ်သည် မတ် ၃၁ရက်တွင် သက်တမ်းကုန်ဆုံးပြီဖြစ်ရာ မေ ၃၁ရက်နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ထားသည်။

သက်တမ်းကုန်ဆုံးသည့် ယာယီသက်သေခံလက်မှတ်အား ဆက်လက်ကိုင်ဆောင် အသုံးပြုပါက ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင်သူများမှတ်ပုံတင် ခြင်းဥပဒေနှင့် ငြိစွန်းပြီး အက်ဥပဒေအရ ထောင်ဒဏ်နှစ်နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် ၅ဝဝချမှတ်နိုင်ကြောင်း သိရသည်။

ယာယီသက်သေခံလက်မှတ် အပ်နှံရန်ကာလအတွင်း ပျောက်ဆုံး ပျက်စီးမှုကြောင့် အပ်နှံနိုင်ခြင်းမရှိ သူများ အနေဖြင့် နိုင်ငံသား စိစစ်ခံရ မည့်သူများကိုင်ဆောင်ရမည့် ကတ် ပြားထုတ်ပေးချိန်တွင် အထောက်အ ထားခိုင်လုံစွာဖြင့် လျှောက်ထားလာပါက စိစစ်လက်ခံသွားမည် ဖြစ် ကြောင်း သိရသည်။

ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးခင်စိုး က ''ဝှိုက်ကတ်အပ်ခိုင်းတဲ့ကာလမှာ ပျက်စီးပျောက်ဆုံးတဲ့အတွက် မအပ် နှံနိုင်တဲ့သူတွေရှိတယ်။ အဲဒါကိုရပ်/ ကျေး၊ သက်ဆိုင်ရာတွေကိုအကြောင်း ကြားတဲ့အတွက် တင်ပြလာတာတွေ ရှိတယ်။ ကတ်ပြားပျက်စီးပျောက်ဆုံး လို့ မအပ်နှံရသေးတဲ့သူတွေအတွက် နိုင်ငံသားစိစစ်ခံရမည့်သူများ ကိုင် ဆောင်ရမယ့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးမယ့်ကာလမှာ ရပ်/ကွက်၊ ရဲစခန်းထောက်ခံချက်နဲ့တကွ လာ လျှောက်ရင် လက်ခံရရှိထားတဲ့အ ထောက်အထားနဲ့ တိုက်ဆိုင်စစ်ဆေး ပြီး လက်ခံစိစစ်သွားမယ်''ဟု ပြော သည်။

ရခိုင်ပြည်နယ်တွင် ယာယီ သက်သေခံလက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင်သူ ခြောက်သိန်းကျော် ရှိသည့်အနက် ယာယီသက်သေခံ လက်မှတ်သက်တမ်း ကုန်ဆုံးသည့် မေ ၃၁ရက်အထိ သုံးသိန်းကိုး သောင်းကျော် လာရောက် အပ်နှံခဲ့ ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင် ရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦး စီးဌာနညွှန်ကြားရေးမှူး ဦးခင်စိုးက ''ခြောက်သိန်းကျော်မှာ ၃၉၂၂၈၅ဦး လာရောက်အပ်နှံတယ်။ ၆ဝရာခိုင် နှုန်းကျော် လာရောက်အပ်နှံတယ်။ ကျန်တဲ့ တော်တော်များများကတော့ ကတ်ပြားပျောက်တာ။ အရေးအခင်းမှာ ပြေးရင်းလွှားရင်းနဲ့ပျောက်တာ။သေ တာ။ မူလနေရပ်မှာမဟုတ်တော့ ဘဲ ပြောင်းရွှေ့နေထိုင်တာတွေပေါ့''ဟု ပြောသည်။

ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ပြန်လည်အပ်နှံသူများ အား ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေအရ မစိစစ်ရသေးချိန်ကာလအတွင်း နိုင်ငံသားစိစစ်ခံရမည့်သူများ ကိုင်တွယ်ရန် လတ်မှတ်အစိမ်းနုရောင် ကတ်ပြား ပြန်လည် ထုတ်ပေးသွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဝှိုက်ကတ်ကိုင်ဆောင်ထားသူ ခုနစ်သိန်းကျော်ရှိသည့်အနက် မေ ၂၉ရက်အထိ လေးသိန်းကျော် အပ် နှံထားပြီးဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။

HM
‪#‎democracytodaynewspaper‬

No comments:

Post a Comment

My Blog List