Tuesday, June 02, 2015

ကျောင်းဖွင့်ချိန်တွင် ယာဉ်ထိန်းရဲအင်အား မလုံလောက်၍ စခန်းရဲများလမ်းရှင်းပေး


ရန်ကုန်မြို့ရှိ ကျောင်းများ၏ ကျောင်းတက်ကျောင်းဆင်းချိန်တွင် ယာဉ်ထိန်းရဲအင်အား မလုံလောက်၍ မြို့ နယ် ရဲစခန်းမှ ရဲအရာရှိများပါ လမ်းရှင်းဆောင်ရွက်ပေးနေရကြောင်း သတင်းရရှိသည်။ကျောင်းတက်၊ကျောင်း ဆင်းချိန်များတွင် ယာဉ်ထိန်းရဲအရာရှိ များက ယာဉ်ကြောများ ရှင်းလင်း ပေးမည်ဖြစ်ပြီး စာသင်ကျောင်း များတွင် မြို့နယ်ရဲအရာရှိများက အလှည့်ကျစနစ်ဖြင့် လုံခြုံရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

‘‘ယာဉ်ထိန်းရဲအင်အားက နည်းတော့ ကျောင်းတွေမှာက လေးတွေ ကျောင်းဆင်းတဲ့အခါ ယာဉ်အန္တရာယ်ရှိတယ်။ ဒီတော့ မြို့နယ်တွင်းမှာ ရဲဝန်ထမ်းတွေကို အလှည့်ကျပုံစံနဲ့ ကျောင်းတွေကို လုံခြုံရေးစစ်ဆေးပေးသွားမှာပါ။ အမြဲတမ်းအတွက်တော့ အင်အား မလုံလောက်တဲ့အတွက် အလှည့် ကျတော့ လုပ်ပေးသွားမှာပါ’’ဟု ၎င်းကပြောကြားသည်။

ရန်ကုန်တိုင်းတွင် ရဲဝန်ထမ်း ၅,၇၀၀ ကျော်နှင့် ယာဉ်ထိန်းရဲဝန် ထမ်း ၄,၀၀၀ရှိပြီး သက်ဆိုင်ရာ မြို့နယ်များ ၌ တာဝန်ထမ်းဆောင်နေကြသည်။

ဇွန်လ ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံရှိ အစိုးရကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြီး မူလတန်းအ ဆင့် ကျောင်းသား၊ ကျောင်းသူ အများစုကို မိဘကိုယ်တိုင် တက် မည့်ကျောင်းများသို့ လိုက်လံပို့ ဆောင်မှုများကြောင်း အထက(၅) ကမာရွတ်မှ အထက်တန်းပြ ဆရာမတစ်ဦးကပြောသည်။

‘‘ဟိုတုန်းကတော့ အခုလို ရဲ ၀န်ထမ်းတွေ လာစောင့်ပေးရင် စာမေးပွဲရက်တွေမှ လာစောင့်ပေးတယ်။ ကျန်တဲ့ရက်တွေတော့ မလာပါဘူး။ ယာဉ်ထိန်းရဲတွေကတော့ နှစ်စကျောင်းဖွင့်ချိန် လောက်တော့ လာတယ်။ နောက် နည်းနည်းကြာတော့ နှစ်ကုန်တဲ့ အထိ မလာတော့ဘူး’’ဟု ၎င်းကပြောကြားသည်။

ဇွန်လ ၁ ရက်သည် ကျောင်း စတင်ဖွင့်လှစ်သည့် နေ့ဖြစ်၍ယာဉ်ကြောပိတ်ဆို့မှုများရှိခဲ့ပြီး ကျောင်းများရှိသည့် နေရာများ တွင် ယာဉ်ကြောများ ရှင်းလင်း ထားသည့်အတွက် သွားလာရာ တွင် လွယ်ကူသည်ဟုအငှားယာဉ် မောင်း ဦးသိန်းအေးက ပြောကြား သည်။

‘‘လမ်းပိတ်တာကျောင်းဆင်း ကျောင်းတက်ချိန်ဆို ဖြစ်နေကျ ပါ။ ဒီနေ့တော့ မီးပွိုင့်တိုင်းမှာ ယာဉ်ထိန်းရဲတွေ အလုပ်လုပ်နေ တာ တွေ့တယ်။ အ၀ိုင်းတွေမှာဆို လေးယောက်လောက် ရှိတယ်။ လမ်းရှင်းနေတာ။ နေ့တိုင်းလုပ် ပေးနိုင်ရင်တော့ အားလုံးအဆင် ပြေတယ်’’ဟု ၎င်းကပြောကြား သည်။

 ကျောင်းဖွင့်ချိန်ဖြစ်သည့်  ဇွန်လပထမပတ်တွင် ယာဉ်ထိန်း ရဲအချို့ စာသင်ကျောင်းများရှေ့၌ ယာဉ်ကြောရှင်းပေးသော်လည်း နောက်ရက်များတွင် မလာသည့်အတွက် ကျောင်းဆင်း ကျောင်း တက်ချိန်များ၌ ပုံမှန်လာရောက် လမ်းရှင်း ပေးစေလိုသည်ဟု ကျောင်းသားမိဘအချို့က ပြောကြားသည်။

‘‘နှစ်တိုင်းတော့ ကျောင်းစ ဖွင့်တဲ့ရက်အစပိုင်းပဲ တွေ့တယ်။ ကလေးတွေလမ်းကူးတဲ့အခါ ရဲရှိ တော့ ကားတွေကရပ်ပေးတယ်။ မနက်ပိုင်းအဆင်းနဲ့ ညနေပိုင်းအ တက်ဆို ကလေးတွေများတယ်။ ဒီအချိန်လေးတွေတော့ လာပြီးလုပ်ပေးစေချင်တယ်’’ဟု ကျောင်းသူတစ်ဦး၏ဖခင် ဦးခင်မောင်ထွန်းက ပြောကြားသည်။

7Day Daily


No comments:

Post a Comment

My Blog List