Thursday, June 04, 2015

ပညာရေးဝန်ကြီးဌာန၏စီမံခန့်ခွဲမှုများသည်နားလည်ရန်ခက်ခဲပြီး လွှတ်တော်ကို မျက်ကွယ်ပြုနေကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဝေဖန်


ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုများသည်နားလည်ရန် ခက်ခဲပြီး လွှတ်တော်ကိုမျက်ကွယ် ပြုနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဝေဖန် ထောက်ပြလိုက်သည်။

ယခုလ ၂ ရက်နေ့ကကျင်းပသော ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်း ကင်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင် မွှေးလွင်က မင်းကင်းမြို့နယ်ရှိအခြေခံ ပညာကျောင်း များ အဆင့်တိုးခြင်း နှင့် စပ်လျဉ်းပြီး ကြယ်ပွင့်ပြမေးခွန်း အဖြစ်မေးမြန်းခဲ့ရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျောင်းအဆင့်တိုး ခြင်းများကို ပညာရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင် အဆင့် တိုးတောင်းခံခြင်းမရှိသောကျောင်း များသာ အဆင့်တိုးသွားခဲ့သည့် အတွက် ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုများသည်နားလည်ရန် ခက်ခဲပြီး လွှတ်တော်ကိုမျက်ကွယ်ပြု နေသည်ဟု ဝေဖန်ထောက်ပြလိုက် ခြင်းဖြစ်သည်။

''၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနက ကျောင်းအဆင့်တိုးတွေကို လွှတ်တော်မှာပေးထားတဲ့ ကတိတွေရှိပါလျက် တန်းစီဇယား အတိုင်းဖြစ်မလာ တာတွေက လွန် စွာဆိုးရွားပါတယ်။ အလကခွဲကနေ အလကကို အဆင့်တိုး တာမှာ တန်း စီဇယားမှာမပါရှိတဲ့ ကျောင်းတွေဟာ အဆင့်တိုးရရှိသွားပါ တယ်။ ကန်ကြီးတော် အလကကနေအထက ခွဲအဆင့်တိုးခြင်းကို လွှတ်တော်မှာ ပဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ ကတိ ကိုပြုပြီးမှ ယခုအထိလဲ ဖြစ်မလာ ပါဘူး။ ကျွန်မတို့လွှတ်တော်ကိုယ် စားလှယ်တွေဟာ ကိုယ့်မဲဆန္ဒရှင် ပြည်သူတွေအပေါ်မှာ တိုက်ရိုက်စေ တနာထားဆောင်ရွက်နေကြတာ ဖြစ်တဲ့အတွက် မိမိမြို့နယ်ရဲ့လိုအပ် ချက်တွေကို တိုင်းဒေသကြီးအစိုးရတွေထက် လက်တွေ့ကျကျရှာဖွေ ဖော် ထုတ်ပေးနိုင်သူတွေဖြစ်ပါတယ်'' ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်မွှေးလွင်ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့် ရှင်းက မင်းကင်းမြို့နယ်၊ ထုံးကြီးအခြေခံပညာအလယ်တန်း ကျောင်းခွဲမှာ ပဉ္စမတန်း ၄၄ ဦး၊ ဆဋ္ဌမတန်း ၄၉ ဦး၊ သတ္တမတန်း ၄ရ ဦး၊ အဋ္ဌမတန်း ၃၆ ဦးစုစုပေါင်း အလယ်တန်း အဆင့်သင်ကျောင်း သား ၁၇၆ ဦးသာရှိကြောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးရန် ကျောင်းသား ၂၄၀ နှင့်အထက်ရှိရမည်ဖြစ်ပြီး သတ် မှတ်မူဘောင်နှင့် မကိုက်ညီ၍ ၂၀၁၅ -၂၀၁၆ပညာသင်နှစ်တွင် အဆင့်တိုးပေးနိုင်ခြင်း မရှိကြောင်း ပြန်လည် ဖြေ ကြားခဲ့သည်။


#Democracytoday
Photo Caption: ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်။


No comments:

Post a Comment

My Blog List