Wednesday, June 03, 2015

တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် ပထမဆုံးအကြိမ် လူ ၂ ဦးသေ

  
တောင်ကိုရီးယားမှာ မားစ်ရောဂါ ကူးစက်ခံရသူ ၂၅ ဦးထဲက ၂ ဦး ဇွန် ၁ ရက်နေ့က သေဆုံးသွားပြီဖြစ်လို့ တောင်ကိုရီးယားမှာ  မားစ်ရောဂါနဲ့ ပထမဆုံး သေဆုံးမှု ဖြစ်လာပါတယ်။ အရှေ့အလယ်ပိုင်းကနေကူးစက်ခံလာရသူ တောင်ကိုရီးယား အမျိုးသားတဦးနဲ့ ထိတွေ့ခဲ့တဲ့ ၅၈ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ၇၁ နှစ်အရွယ် အမျိုးသားတဦးတို့ သေဆုံးခဲ့ကြတာပါ။

ဒီရောဂါဟာ ဆော်ဒီအာရေးဗီးယားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အဓိကဖြစ်ပွားတာပါ။ ရောဂါ ကူးစက်ခံရသူတွေနဲ့ ထိတွေ့မှုရှိခဲ့သူ တောင်ကိုရီးယားနိုင်ငံသား ၆၈၀ ကျော်ကို သီးသန့်စောင့်ကြည့် ကုသမှုတွေ ပေးနေတယ်လို့လည်း ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

နောက်ထပ် ကူးစက်မှုတွေ မဖြစ်အောင် အစွမ်းကုန် ကြိုးစားကာကွယ်သွားမယ်လို့လည်း တောင်ကိုရီးယား ဒုတိယ၀န်ကြီးချုပ်က ပြောပါတယ်။၂၀၁၂ ဇွန်လက ဆော်ဒီအာရေးဗီးယားမှာ လူတဦး မားစ်ရောဂါနဲ့ ပထမဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။မားစ်ရောဂါဟာ ဆားစ်ရောဂါနဲ့ ဆင်ဆင်တူပြီး အသက်ရှူလမ်းကြောင်း၊ အဆုတ်ရောင် နမိုးနီးယားနဲ့ ကျောက်ကပ်ကို ထိခိုက်ပြီး သေဆုံးကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူတဦးကနေ တဦးကို ကူးစက်ဖို့ သိပ်မလွယ်ကူဘူးလို့လည်း ကျွမ်းကျင်သူ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။

လက်ရှိအချိန်အထိ ကာကွယ်ကုသဆေးလည်း မရှိသေးပါဘူး။ ကမ္ဘာတ၀န်း ရောဂါကူးစက်ခံရသူ ၁၁၆၇ ဦးရှိပြီး အဲ့ဒီထဲက ၄၇၉ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီက မက္ကာကနေ ဘုရားဖူးပြန်လာတဲ့ မလေးရှားနိုင်ငံသားတဦး ဒီရောဂါနဲ့ သေဆုံးခဲ့ပြီး အာရှအရှေ့ပိုင်းမှာ မားစ်ရောဂါနဲ့ ပထမဆုံး သေဆုံးခဲ့သူ ဖြစ်ခဲ့ပါတယ်။

DVB


No comments:

Post a Comment

My Blog List