Tuesday, June 02, 2015

တရုတ်ခရီးသည်တင်သင်္ဘော နစ်မြုပ်၊ လူအများအပြားသေဆုံး


တရုတ်သက်ကြီးခရီးသည် အများအပြား အပါအဝင် လူ ၄၅၈ ယောက် တင်လာတဲ့ ခရီးသည်တင် သင်္ဘောတစီး မုန်တိုင်းကြောင့် ဇွန် ၁ ရက် နှောင်းပိုင်းက တရုတ်နိုင်ငံ ယန်ဇီမြစ်အတွင်း နစ်မြှုပ်ခဲ့ပါတယ်။ ဇွန် ၂ ရက် မနက်ထိ ယန်ဇီမြစ်တလျှောက် ကယ်ဆယ်ရေးလုပ်သားတွေက လူအယောက် ၂၀ လောက်ကိုသာ ကယ်ဆယ်နိုင်သေးတယ်လို့ တရုတ်အစိုးရ မီဒီယာက ပြောပါတယ်။

ဒီမတော်တဆမှုဟာ ဒီနှစ်တွေအတွင်း တရုတ်ရဲ့ အဆိုးဆုံး ကပ်ဘေးတွေထဲက တခု ဖြစ်လာပါတယ်။ တချို့ခရီးသည်တွေက သင်္ဘောထဲမှာ အသက်ရှင်နေဆဲလို့ တရုတ်ပြည်သူ့နေ့စဉ် သတင်းစာရဲ့ တရားဝင်ဘလော့က ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အလေအလွင့်မရှိ ဆောင်ရွက်ဖို့ အမိန့်ထုတ်ထားပါတယ်။

ဆင်ဟွာ သတင်းဌာနကတော့ ဆိုးရွားတဲ့ ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ရပိုခက်စေ တယ်လို့ ဖော်ပြပါတယ်။

တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ်ထဲက အခင်းဖြစ်ရာနေရာကို တရုတ်ဝန်ကြီးချုပ် လီကီချန် သွားနေပြီ လို့ ဆင်ဟွာ သတင်းဌာနက ဇွန် ၂ ရက်မှာအစီရင်ခံပါတယ်။

သင်္ဘောဟာ မုန်တိုင်းမိအပြီး ၂ မိနစ်လောက်အတွင်း ချက်ချင်းနစ်မြုပ်သွားခဲ့လို့ အရေးပေါ်ခေါ်ဆို အကူအညီတောင်းမှု မလုပ်နိုင်ခဲ့ဘူးလို့ အစိုးရ ရေဒီယိုက ဆိုပါတယ်။

လူ ၇ ယောက်က ကမ်းကို ရေကူးလာပြီး သင်္ဘောနစ်တာကို ပြောခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ် သတင်းစာက ဖော်ပြပါတယ်။

မိုးလေဝသ ခန့်မှန်းချက်ကတော့ ဇွန် ၂ ရက်မှာ မိုးဆက်သည်းမယ်လို့ ပြောပါတယ်။ ရေငုပ်သမား အနည်းဆုံး အယောက် ၂၀ လောက်က အခင်းဖြစ်ရာကို သွားနေပြီး ငါးဖမ်းလှေ အစီး ၁၀၀ လာက် အပါအဝင် ဒါဇင်နဲ့ချီတဲ့ ရေယာဉ်တွေက ရှာဖွေကယ်ဆယ်ရေးအတွင်း ကူညီနေတယ်လို့ ဟူဘေးဒေးလီး သတင်းစာက ပြောပါတယ်။

နစ်မြုပ်ခဲ့တဲ့ The Eastern Star ခရီးသည်တင် သင်္ဘောကို ချောင်ချင်းအိစတန်း သင်္ဘောကော်ပိုရေးရှင်းကပိုင်ပြီး ယန်ဇီမြစ်အတွင်း သရီးဂျော့ခ်ျဒေသတလျှောက် လုပ်ငန်းလည်ပတ်နေတာလို့ ဟူဘေးဒေးလီး သတင်းစာက ပြောပါတယ်။

DVB


No comments:

Post a Comment

My Blog List