Friday, June 05, 2015

ဒုတိယအကြီးဆုံး ခေါင်းလောင်းတော်ကြီး လှူဒါန်းပူဇော်






တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေတောင်စားစေတီတော် ရင်ပြင်တော် အရှေ့တောင်ထောင့် အရပ်မှာ ထားရှိမယ့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီး ပတ္တဒါန ရေစက်ချလှူဒါန်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို လောကမာရဇိန် ဘုရားကြီး အရှေ့ဘက်မုခ်ဦးမှာ ဒီနေ့ ကျင်းပ ပြုလုပ်ပါတယ်။

နိဗ္ဗုတဃောသ ခေါင်းလောင်းတော်ကြီးဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ သွန်းလောင်းတဲ့ ခေါင်းလောင်းတော်တွေထဲမှာ ဒုတိယအကြီးဆုံး ခေါင်းလောင်းတော်ကြီး ဖြစ်ပါတယ်။

ခေါင်းလောင်းတော်ကြီးဟာ အမြင့် ၁၂ ပေ၊ အချင်း ၅ ပေ ၇ လက်မ၊ ထု (၁) ပေရှိပြီး ကြေးပိဿာချိန် ၁၁၇၇၇ ပိဿာရှိ ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု၊ တပ်မတော် ကြည်းရေလေ မိသားစုတွေနဲ့ စေတနာရှင်တွေက လှူဒါန်းထားတာဖြစ်ပါ တယ်။

ဓာတ်ပုံ – Senior General Min Aung Hlaing

No comments:

Post a Comment

My Blog List