Thursday, June 04, 2015

ထိုင်းရှိ အလုပ်သမားများ စာတိုက်မှ ပစ္စည်းပို့လျှင် ပတ်စပို့ပြရမည်


ဇွန်လ ၂ ရက်နေ့မှစ၍ ထိုင်းနိုင်ငံတွင် စာတိုက်မှ ပစ္စည်းများ ပို့မည်ဆိုပါက အထောက်အထား စာရွှက်စာတမ်း သို့မဟုတ် ပတ်စပို့ ပြရမည် ဖြစ်သည်။ထိုင်းနိုင်ငံသားများသည် နိုင်ငံသားကတ်ကို ပြ၍ နိုင်ငံခြားသားများနှင့် အလုပ်သမားများသည် ပတ်စပို့ မိတ္တူပေးရမည် ဖြစ်သည်။ 

အထောက် အထား တစုံတရာ မပြနိုင်ပါက စာတိုက်မှ တာဝန်ယူ ပို့ဆောင်ပေးမည် မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဆက်သွယ်ရေး နှင့် စာတိုက်လုပ် ငန်း အဖွဲ့အစည်းမှ ထုတ်ပြန်ထားသည်။

စာတိုက်မှ တဆင့် မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံအတွင်း ပို့ဆောင်ဖြန့်ဖြူးနေသောကြောင့် စာတိုက် လုပ်ငန်း အဖွဲ့အစည်းမှ တင်းကြပ်လိုက်ခြင်း ဖြစ်သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ပတ်စပို့ သို့မဟုတ် အလုပ်သမားကတ်ကို စာတိုက်တွင် အသုံးပြုနိုင်သည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List