Thursday, June 04, 2015

မွတ်စလင်ဒုက္ခသည်တွေ အမေရိကန်နဲ့ နီပေါ လက်ခံဟုဆို


အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၂၆ဝဝ ကျော် လက်ခံ ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရှစ်လအတွင်း တစ်ထောင်ကျော် လက်ခံနေရာချခဲ့ကြောင်း AFP သတင်းတစ်ပုဒ်က ဖော်ပြပါတယ်။ ဒါ့ပြင် ဒီနှစ်အတွင်း ၁၆ဝဝ အထိ လက်ခံ မှာဖြစ်ပြီး၊ နောက်နှစ်မှာ ၂၅ဝဝ အထိ လက်ခံမယ်လို့ အမေရိကန် နိုင်ငံခြား ရေး ဌာနက ပြောဆိုတယ်လို့ သိရပါတယ်။ 
အများစုဟာ မလေးရှား နိုင်ငံက UNHCR မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင် ထားကြသူတွေဖြစ်တယ်လို့ AFP သတင်းက ဆိုပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ကြပြီး နီပေါနိုင်ငံ ကို ရောက်ရှိလာခဲ့ကြတဲ့ အစ္စလမ်ဘာသာဝင် တစ်ရာကျော် ရှိတယ်လို့ နီပေါနိုင်ငံထုတ် The News သတင်းက ဖော်ပြပါ တယ်။

သူတို့ဟာ ခတ္တမန္ဒူမြို့၊ ကာပန်အရပ်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ပြီးနေထိုင်နေ ကြကြောင်း သိရပါတယ်။

မိသားစုတစ်စုကသူတို့ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရာမှာ နေထိုင်ဖို့ လက်မခံတဲ့အတွက် နယ်စပ်ကို ခိုးဝင်ပြီး အိန္ဒိယကို ရောက်ရှိခဲ့ကြောင်း၊ အိန္ဒိယကိုရောက်တဲ့အခါ မြန်မာနိုင်ငံက မွတ်စလင်တွေကို နီပေါနိုင်ငံက လက်ခံနေတယ်လို့ ကြားသိရတဲ့အတွက် နီပေါကိုရောက်ရှိလာတာဖြစ် ကြောင်း ပြောပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဗုဒ္ဓဘာသာနဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကြားက ပဋိပက္ခအပေါ် ဗုဒ္ဓသာဿနာနဲ့ ဗုဒ္ဓဘာသာဝင် တွေအားလုံးကို ကိုယ်စားပြုနေတယ်လို့ မရှုမြင်သင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့မှာ သီတင်းသုံးနေတဲ့ သံဃာတစ်ပါးက မိန့်ဆိုကြောင်း အင်္ဂါနေ့ထုတ် Jakata Post သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဂျာကာတာမြို့အနောက်ပိုင်း အဂ္ဂယနကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ဆရာတော်အရှင် ဥာဏဂုတ္တ က ဘာသာရေး အခမ်းအနားတစ်ရပ်မှာ မိန့်ကြားခဲ့တာပါ။

ရိုဟင်ဂျာ ပြဿနာဟာ မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာ နှစ်အတော်ကြာက တည်းက ပေါ်ပေါက်နေတာ ဖြစ်ကြောင်း၊ ဒီကိစ္စဟာ ကမ္ဘာ့ဗုဒ္ဓဘာသာဝင် တစ်ရပ်လုံး၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်အားလုံးကို ကိုယ်စားပြုနေတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ကြည့်မြင်ရမှာဖြစ်ကြောင်း၊ ဘာသာ တိုင်းမှာ အစွန်းရောက်သူတွေရှိကြောင်း၊ အဲ့ဒီ အစွန်းရောက်သူတွေဟာ သူတို့ကိုးကွယ်ရာဘာသာကို ကိုယ်စားပြုနေသူတွေ မဟုတ်ကြောင်း မိန့်ကြားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဂျာကာတာ အလယ်ပိုင်းက ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာစေတီဖြစ်တဲ့ ဗောရောဗုဓေါ စေတီတော်မှာ အင်္ဂါနေ့ညက ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားကို ထောင်နဲ့ချီတဲ့ပရိသတ်နဲ့အတူ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုလည်း တက်ရောက်ခဲ့ပါတယ်။

RFA


No comments:

Post a Comment

My Blog List