Wednesday, June 03, 2015

ဒေါက်တာ နေဇင်လတ်၏ ပါတီနှင့်ပတ်သက်ခြင်း လုံးဝမရှိဟု အစိုးရထုတ်ပြန်


သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်သူ ဒေါက်တာ နေဇင်လတ် ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီ(NDP)နှင့် ပတ် သက်ခြင်း လုံးဝမရှိဟု ပြည်ထောင်စု အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

"ဒေါက်တာ နေဇင်လတ် နာယကအဖြစ် ထူထောင်ထားသော အမျိုးသားတိုးတက်ရေးပါတီသည် နိုင်ငံတော် သမ္မတနှင့် သော်လည်းကောင်း၊ပြည်ထောင်စုအစိုးရ အဖွဲ့နှင့်သော်လည်းကောင်း၊ လုံးဝပတ်သက်ခြင်း မရှိ" ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အမျိုးသားတိုးတက်ရေးပါတီတွင် နာယအဖြစ် တာဝန်ယူမည့် ဒေါက်တာနေဇင်လတ်အား သမ္မတအကြံပေးအဖွဲ့မှ နှုတ်ထွက်ခွင့်ပြုပြီးနောက် ရက် ပေါင်း ၃၃ ရက်အကြာတွင် အစိုးရအဖွဲ့က အထက်ပါအတိုင်းသတင်းထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားတိုးတက်ရေးပါတီသည် မည်သည့်အဖွဲ့အစည်းနှင့်မျှပတ်သက်ခြင်း မရှိဟု ပြောဆိုခဲ့ဖူးကြောင်း၊ ပါတီ၏ ရည်မှန်းချက်မှာထိန်းညှိပေးရန်နှင့် ပူးပေါင်းအားဖြည့်ပေးရန်ဖြစ်ကြောင်း၊ အာဏာနိုင်ငံရေးကို စိတ်မ၀င်စားဘဲ ပညာရှင်နိုင်ငံရေးကိုသာစိတ်ဝင်စားကြောင်း ဒေါက်တာ နေဇင်လတ်က ၎င်း၏ လူမှုကွန် ယက်ဖြစ်သော ဖေ့စ်ဘွတ်တွင် ဇွန်လ ၂ ရက် ညပိုင်းကရေး သားထားသည်။

ထို့ပြင် ပါတီထိပ်ပိုင်း ခေါင်းဆောင်များအနေဖြင့် ရွေးကောက်ပွဲ ဝင်မည်မဟုတ်ကြောင်းကိုလည်း ဒေါက်တာ နေဇင်လတ်က "အရေအတွက်အပေါ် အခြေခံတဲ့ အာဏာနိုင်ငံရေးကို စိတ်မဝင်စားလို့ ပါတီထိပ်ပိုင်း တာဝန်ရှိသူတွေအနေနဲ့ ရွေးကောက်ပွဲ ဝင်ကြမှာမဟုတ်ပါဘူး" ဟု လူမှုကွန်ယက်တွင် ရေးထားသေးသည်။

သမ္မတ ဦးသိန်းစိန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေး အကြံပေး အဖွဲ့ (၃) ဖွဲ့ကို ပုဂ္ဂိုလ် (၉) ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ၂၀၁၁ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် သမ္မတရုံးက ကြေငြာခဲ့ပြီး အဆိုပါ ၉ ဦးတွင် ဒေါက်တာ နေဇင် လတ်က နိုင်ငံရေး အကြံပေးအဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ နေဇင်၏ပါတီနှင့် ပတ်သက်ခြင်း မရှိဟု ထုတ်ပြန်လိုက်သည့် အစိုးရ၏ ကြေငြာချက်တွင် သမ္မတ ဦးဆောင်သည့်ပြည်ထောင်စု အစိုးရ အဖွဲ့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ ပါ ပြဌာန်းချက်အားလိုက်နာလျက် ရှိပါသည်ဟုကြေငြာချက်တွင် ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄တွင် "နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ" ဟု ပြဌာန်းထားသည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List