Thursday, December 18, 2014

စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို အထူးအဖွဲ့များ ဖွဲ့ အရေးယူနေသော်လည်း ရန်ကုန်မြို့တော်ကြီး သန့်ရှင်းမှုရှိလာစေရန် မလွယ်ကူဟု ရန်ကုန်လူထုဝေဖန်


 ရန်ကုန် မြို့တစ်ခွင် နေရာအနှံ့သို့ကြည့်လိုက်ပါက ကြည့်လေရာရာတွင် အမှိုက်သရိုက်များ ပြေးမလွတ်အောင် မြင်aတွ့နေရ သည်ဟုဆိုလျှင် လွန်အံ့ မထင်ပါချေ။

လမ်းထောင့်တိုင်းတွင် မီးဖို ချောင်ထွက်အမှိုက်များ၊ လမ်းဘေးဈေးသည်တို့၏ အမှိုက်များ၊ လေထဲ ပျံဝဲနေသော ကြွပ်ကြွပ်အိတ်အပါအဝင် အိတ်မျိုးစုံတို့၏ အမှိုက်များ၊ စက္ကူစုတ်၊ အဝတ်စုတ်နှင့် ပလတ်စတစ်မှသည် တီဗွီအပျက်အထိ အမျိုးအမည်စုံလင်လှသော အမှိုက်ပေါင်းစုံ တို့ကို မြို့လယ်ကောင်လမ်းမများ အ ပြင် မြို့နယ်ရပ်ကွက်များ၏ လမ်းကြို လမ်းကြား၊ အိမ်နောက်ဖေးလမ်းများတွင် စွန့်ပစ်နည်းမျိုးစုံဖြင့် ပျော်ပျော်ကြီး စွန့်ပစ်နေကြသည်မှာ ရန်ကုန်မြို့တော်ကြီးအား အမှိုက် မြို့တော်ကြီးဘဝမရောက်ရောက်အောင် ဝိုင်းဝန်းပို့ဆောင်ပေးနေကြ သည်နှင့်ပင် တူနေတော့ပေသည်။

ထိုသို့သော အနေအထားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ မြို့နယ်(၃၃)မြို့အတွင်း စည်ကမ်းမဲ့အမှိုက်စွန့်ပစ်သောသူများကို ထိရောက်စွာအရေးယူဆောင်ရွက်ရန်အတွက် ခရိုင်လေးခရိုင်တွင် အထူး အဖွဲ့များ ဖွဲ့စည်းကာ ဖမ်းဆီးဆောင်ရွက်နေမှုများကို စတင်လုပ်ဆောင်နေပြီဟု ဆို သော်လည်း ရန်ကုန်မြို့တော်ကြီး သန့်ရှင်းမှုရှိလာစေရန် မဖြစ် နိုင်သေး
ကြောင်း ရန်ကုန်မြို့လူထုက ဝေဖန် ပြောကြားလိုက်သည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူ များကို အထူးအဖွဲ့မှ လိုက်လံဖမ်းဆီးဆောင်ရွက် လျက်ရှိပြီး စည်းကမ်း မဲ့အမှိုက်ပစ်ခြင်းကို တွေ့ရှိပါက ဒဏ်ကြေးတစ်သောင်း ဒဏ်ငွေဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူက ''ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ရောင်းချနေကြတဲ့လမ်းဘေးဈေး သည်တွေ အပါ အဝင် လမ်းအသုံးပြုတဲ့ပြည်သူ တွေထဲက စည်ကမ်းမဲ့ အမှိုက် ပစ်တဲ့ဈေး သည်တွေနဲ့ပြည်သူတွေကိုတွေ့ရင် ဒဏ်ကြေးတစ်သောင်း ကောက် ခံသွားမှာ ဖြစ်ပါတယ်။ လက်ရှိကောက် ခံနေတဲ့အချိန်မှာ နေ့စဉ် ခရိုင်လေး ခရိုင်မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ် တဲ့သူတွေကို တစ်နေ့ ၂ဝဦးမက ဖမ်းဆီးရမိပါတယ်''ဟု ပြောသည်။

''ရပ်ကွက်တွေတိုင်းမှာလဲ စည်ပင်ကအမှိုက်ပုံတွေမှာ အမှိုက်မပစ်ရ၊ အမှိုက် ပစ်တာတွေ့ရှိပါက ဒဏ်ငွေတစ်သောင်းဆိုပြီး ဆိုင်းဘုတ်တွေ စိုက်ထားပေ မယ့်လဲ အဲဒီဆိုင်း ဘုတ်ပတ်ပတ်လည်မှာ အမှိုက်တွေ လာပစ်ထားတာတွေက အများကြီးပါ၊ အမှိုက်မပစ်ရ ဆိုင်းဘုတ် စိုက်ထားလဲ အမှိုက်တွေလာပစ်နေတာ ကို အရေးမယူနိုင်တဲ့အတွက် အဲဒီနည်းလမ်းကလဲ ဟာသတစ်ခုလို ဖြစ်နေ ပါတယ်''ဟု သာကေတမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

ယင်းအပြင် ရန်ကုန်မြို့တော်စည်ပင်သယာရေးကော်မတီမှ လမ်းဘေးဈေးသည် များကိုလည်း သတ်မှတ်ချိန်အတွင်းတွင် ဖွင့်လှစ်ရောင်းချရန် အသိပေးထားပြီး ယင်းစည်းကမ်းကိုဖောက်ဖျက်သည့် လမ်းဘေးဈေးသည်များကိုလည်း စည်ပင် ဥပဒေအရ ဒဏ်ကြေးတစ်သောင်းမှ ငါးသိန်းအထိ ဒဏ်ရိုက်နေကြောင်း သိရသည်။

''ဟုတ်ပီ။ ဒီလိုဖမ်းတော့ရော ရန်ကုန်မြို့ကြီး အမှိုက်ကင်းစင်သွားပါပြီတဲ့လား။ ဒါကို ဆန်းစစ်ဖို့ လို ပါတယ်။ ဒီလိုမျိုးဒဏ်ရိုက်တာတွေက ရိုးနေပါပြီ။ တကယ် လည်း ထိထိ ရောက်ရောက် မလုပ်ပါဘူး။ ဟန်ပြ အလုပ်ပြတဲ့ သဘောလောက်ပဲ လုပ် တာပါ။ တကယ်လုပ်ချင်ရင် (၃၃) မြို့နယ်ကို တစ်ပြိုင်တည်း လုပ်လို့ ဘယ်လိုမှ မရပါဘူး။ အဲဒီကစပြီး လွဲနေတယ်။ တကယ်ဆိုရင် down town ခြောက်မြို့နယ်လိုဟာမျိုးကို ပထမဦးဆုံး စံပြတစ်မြို့နယ်ကို ဧရိယာ သတ်မှတ်ပြီးတော့လုပ်။ ဒီမြို့နယ် အောင်မြင်ပြီဆိုတော့မှ နောက် မြို့နယ်တွေ ထပ်ချဲ့ပြီးလုပ်။ ဒါမျိုး ဖြစ်သင့်ပါတယ်။ ဒါတောင်မှ အဲဒီမြို့နယ် အတွင်းမှာ ဒီလိုလုပ်မယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြီးမှ လုပ်သင့်တာပါ။ ဒါမှ ပြည်သူက ပါလာမှာ။ ဒဏ်ရိုက်တာ တစ်ခုတည်းနဲ့ မရနိုင်ပါဘူး။ ဘာတဲ့ ဆို ဒဏ်ရိုက်ဆိုတာမျိုးကို ပြည်သူ ကလည်း မုန်းတီးနေပြီ။ ဒီနည်းလမ်းအစား တခြားဆွဲဆောင်မှုရှိတဲ့နည်း လမ်းဖြစ်သင့်တယ်လို့ ထင်ပါတယ်။ လုပ်မယ် ဆိုရင်လည်း စင်ကာပူလို တကယ်လုပ်ပါ။ ဒါမှ ဖြစ်မယ်'' ဟု ကမာရွတ် တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။

ထို့ပြင် လမ်းဘေးဈေးသည်များကို ဒဏ်ငွေတစ်သောင်း ရိုက်ခြင်းသည်လည်း နည်းလမ်းမကျ ကြောင်း၊ အကြောင်းရင်းမှာ လမ်းဘေးဈေးသည်များအဖို့ တစ်နေ ကုန် ရောင်းလျှင်ပင် တစ်သောင်းရဖို့ မလွယ်ကူသူများ ဖြစ်သဖြင့် ထိုသူများကို ဒဏ်ကြေးတစ်သောင်းရိုက်ခြင်းသည် အလွန်မဆီလျော်သော အစီအမံတစ်ခုဖြစ် သည့်အပြင် သတ်မှတ်ချိန်မတိုင်မီ ဖွင့်လှစ်ရောင်းချသော ဆိုင်များအား တစ်သောင်းမှငါးသိန်းအထိ စည်ပင်ဥပဒေအရ ဒဏ်ရိုက်ခြင်းမှာလည်း အလွန်မဖြစ် သင့်သော ဒဏ်ကြေးဖြစ်ကြောင်း၊ ထိုလမ်းဘေး ဈေးသည်များအတွက် ငါးသိန်းဟူသော ငွေကြေးပမာဏသည် ပြစ်မှု နှင့် ပြစ်ဒဏ် မည်သို့မျှ မညီမျှသည့် သဘောသက်ရောက်ကာ သတ္တဝါနှင့် လက်နက်မမျှဖြစ်နေကြောင်း လမ်းဘေးဈး သည်များက ထောက်ပြကြသည်။

စမ်းချောင်းမြို့နယ်မှ လမ်းဘေးဈေးသည်တစ်ဦးဖြစ်သူ မစန်းစန်းက ''ယခု ရက်ပိုင်းက ကျွန်မဆိုင်ဘေးမှာ အမှိုက်ကျနေလို့ ဒဏ်ကြေး ကျပ်တစ်သောင်းကို စည်ပင်သာယာ သန့် ရှင်းရေးဌာနသို့ ပေးဆောင်ခဲ့ရပါ တယ်။ ပညာပေးမပါဘဲ ဒဏ်ငွေဆို ပြီး တောင်းသွားပါတယ်။ ဈေးရောင်း ရတဲ့တစ်နေ့ဝင်ငွေက အိမ်စားစရိတ် တောင် မနည်းရအောင် ရှာနေရတဲ့ လမ်းဘေးဈေးသည် တစ်ယောက်ဆီက ဒဏ်ငွေတစ်သောင်းဆိုတာ များပါတယ်''ဟု ပြောသည်။

ယခုအခါ ရန်ကုန်မြို့ကို နိုင်ငံ တကာအဆင့်မီမြို့တော် ဖြစ်လာစေရန်အတွက် မြို့တော်၏အင်္ဂါရပ်နှင့် အညီ သန့်ရှင်းမှုရှိလာရန် ယင်းကဲ့ သို့ ဆောင်ရွက် ရခြင်းဖြစ်ကြောင်း သိရသည်။

''စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် တာကို အရင်ကလည်း ဒဏ်ရိုက်ပြီး အရေးယူခဲ့ပါတယ်။ အဲဒီစနစ်ကို အဖွဲ့တစ်ဖွဲ့ကသာ လုပ်ကိုင်ခဲ့တာမို့ လို စနစ်တကျ မလုပ်နိုင်ခဲ့တာ ဖြစ် ပါတယ်။ အဲဒါကြောင့် အခုဒီစနစ် ကို ထိထိရောက်ရောက်လုပ် ကိုင် သွားမှာမို့ သက်ဆိုင်ရာမြို့နယ်တိုင်း မှာ အဖွဲ့တွေဖွဲ့ပြီး ဒီအဖွဲ့က စည်း ကမ်းမဲ့ အမှိုက်ပစ်တဲ့သူတွေကို ဒဏ်ရိုက်သွားမှာ ဖြစ်ပါတယ်''ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့် ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ရန်ကုန်မြို့တော်တွင် ယခု လက်ရှိတစ်နေ့လျှင် အမှိုက်တန်ချိန် ၁၅၅ဝခန့် ထွက်ရှိပြီး ရန်ကုန် မြို့၏ အမှိုက်သိမ်းလုပ်ငန်းများကို ဝန်ထမ်းအင်အား ၃၈၆၄ဦး၊ အုတ် အမှိုက်ကန် ၄၀ဝနှင့် အမှိုက်ပုံး ၈၀၀၀ ကျော်ထားရှိပေးထားကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မ တီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်

TST
‪Democracytoday‬

No comments:

Post a Comment

My Blog List