Sunday, September 29, 2013
ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် စက်တင်ဘာ ၂၇ ရက်နေ့ညက ပြုလုပ်သော ထိုင်း-မြန်မာ ခရီးသွား လာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲတွင်ကပြဖျော်ဖြေခဲ့သည့် ထွေးဦးမြန်မာရုပ်သေးအဖွဲ့မှပင်တိုင် ရုပ်သေးပညာရှင်ဖြစ်သူ ဦးမောင်ကြည်မှာ အဆိုပါ ခန်းမအတွင်း ဖျော်ဖြေမှု ပြီးဆုံးချိန် ဆေးသောက်နေစဉ် ရုတ်တရက် သေဆုံးခဲ့ကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ဒေါ်တင်တင်ဦးက The Voice သို့ ပြောကြား သည်။

“ဆေးကိုအစာမရှိဘဲသောက်နေတာတွေ့လို့ပေါင်မုန့်လေးစားပြီး သောက်ပါလို့ ပြောတာကိုဆရာက ဆေးေ သာက်ပြီးမှ စားမယ်ဆိုပြီး ဆေးကို အရင်သောက်တယ်။ ပြီးတော့ ပေါင်မုန့်စားနေတုန်း ရှေ့ကို ငိုက်ကျပြီး ကျွန်မလက်ပေါ်မှာတင် ဆုံးသွားတာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။ သေဆုံးသူ မှာ နှလုံးေ ရာဂါနှ င့် သွေးတိုး ရောဂါဝေဒနာ ခံစားနေရသူ ဖြစ်ပြီး ယခုသေဆုံးမှုမှာ နှလုံးအဆို့ရှင်ပိတ်၍ သေ ဆုံးခဲ့ခြင်း ဖြစ် သည်ဟု မှုခင်းဆရာဝန်ကြီးက မှတ်ချက် ပေးထားကြောင်း မိသားစု ဝင်တစ်ဦးက ဆိုသည်။ ဦးမောင်ကြည် မှာ အသက် ၁၈ နှစ် အရွယ်ခန့်က သဘင်လောကသို့ စတင်ဝင်ရောက်ခဲ့ကာ ဇာတ်မင်းသားအဖြစ် အနှစ် ၂၀ ခန့် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနတွင် ရုပ်သေး ကြိုးဆွဲ ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ အကြိမ် ၅၀ နှင့်အထက် ဇီဝိတဒါန သွေး လှူဒါန်းမှုကြောင့် လူမှုထူးချွန်ဆု ရရှိခဲ့ကြောင်း ၎င်းကထပ်မံပြောကြားသည်။ သေဆုံးသူ ဦးမောင်ကြည်မှာ ၂၀၀၆ ခုနှစ်မှစတင်၍ သေဆုံးချိန် ထိ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့နှင့် ဆိုးတူကောင်းဖက် တစ်လှေတည်း စီးကာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ မိသားစုအတွက် ဖခင်ကောင်းတစ်ဦး ဆုံးရှုံးရုံမက မြန်မာ့ ရုပ်သေး လောကအတွက် ရုပ်သေး ဆရာကောင်းတစ်ဦး ဆုံးရှုံးခဲ့ရကြောင်း ထွေးဦးမြန်မာ ရုပ်သေးအ ဖွဲ့တည်ထောင်သူ ဦးခင်မောင်ထွေး က ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment