Saturday, October 5, 2013
၎.၁၀.၂၀၁၃ရက်နေ့၀၇၀၀အချိန်လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်နေဦးတင်သိန်းသည်သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်းကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်းကြားသိရသဖြင့်သွားရောက်ကြည့်ရှုရာKTVဆိုင်၏အခန်းအတွင်း၌သားဖြစ်သူမောင်ဇော်နှင့် ကိုသူတို့အားဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း(ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အမှုမှပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက်
တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာ မြို့မရဲစခန်းမှတပ်ဖွဲ့သည်
သတင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ယာဉ်အမှတ် ၇ဃ/---၊ ပရိုဘောက်
အဖြူရောင်ယာဉ်ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်သို့
ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိခဲ့ ရသဖြင့်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ကရင်ပြည်နယ်ရဲတပ်ဖွဲ့များသို့ တရားခံများ အားကူညီဖမ်းဆီးပေးနိုင်ရေး ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။၎.၁၀.၂၀၁၃ရက်နေ့၀၇၀၀အချိန်လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်နေဦးတင်သိန်းသည်သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်းကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်းကြားသိရသဖြင့်သွားရောက်ကြည့်ရှုရာKTVဆိုင်၏အခန်းအတွင်း၌သားဖြစ်သူမောင်ဇော်နှင့် ကိုသူတို့အားဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း(ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အကြောင်းကြားချက်အရ သံလွင်တံတား(ဘားအံ) တာဝန်ကျတပ်ဖွဲ့ဝင်များမှ ယာဉ်များအားစစ်ေ ဆးဆောင်ရွက်စဉ် ၄.၁၀.၂၀၁၃ရက်နေ့ ၁၁၅၀အချိန်ခန့်တွင် ၇ဃ/----၊ ပရိုဘောက် အဖြူရောင်ယာဉ်မှာ သံလွင်တံတား(ဘားအံ)သို့ ရန်ကုန်ဘက်မှ ၀င်ရောက်လာ၍ တားဆီးစစ်ဆေးစဉ် စစ်ဆေးမှုမခံဘဲ တံတားမောင်းတံအားတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် တံတားတာဝန်ကျတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဂျိုင်း(ဇာသပြင်)တံတားတာဝန်ကျတပ်ဖွဲ့ ၀င်များနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာရှိ လှည်းလမ်း၌အဆိုပါယာဉ်နှင့် ယာဉ်ပေါ်ပါ Music Box KTV ဆိုင်ပိုင်ရှင် ကံဝင်းဇော်(ခ)ကံကြီး(ခ)မိုက်မိုက်၊ (ဘ)ဦးကြင်သောင်း၊ ဆိုင်မန်နေဂျာ ရဲထွဋ်ကျော်(ခ)ရဲကြီး၊ (ဘ)ဦးအောင်ခင်၊ ဆိုင်ဝိတ်တာများဖြစ်ကြသော စိုးမိုးကျော်(ခ)ကရင်လေး၊ ကိုထိုက်(ခ)နေလင်းထိုက်၊အောင်သူရ(ခ)အောင်ကျော်သူ၊ ကျော်စွာဝင်း (ခ)ကျော်ကျော်၊ ကိုကိုနိုင်(ခ)ကိုနိုင်၊ မင်းခန့်၊ စစ်နိုင်(ခ)တင့်နိုင်ဦး၊ မျိုးမင်းထိုက်(ခ) ကိုအောင်၊ မနော်ထူး ဖွဲ့ဆဲ(ကံဝင်းဇော်၏ဇနီး)၊ မရင်ရင်ထိုက်တို့ (၁၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါလူသတ်မှုမှ တရားခံများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း ၍ အခင်းဖြစ်ပြီး (၁၂)နာရီအတွင်း စုံစမ်းဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment