Tuesday, October 01, 2013

တစ်ပြည်လုံးအပစ်ရပ်နှင့်နိုင်ငံရေး မဆွေးနွေးနိုင်သေး၍ မွန်ပြည်သစ်ဥက္ကဋ္ဌ အားမရဖြစ်နေ

Tuesday, October 1, 2013
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများ ယခုတိုင် ပြုလုပ်နိုင်ခြင်းမရှိသေးသည့်အပေါ်တွင်အားမရဖြစ်နေသည်ဟုမွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် က ဆိုသည်။ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်ထားရုံမျှဖြင့် မပြီးနိုင်ဘဲ နိုင်ငံရေးဆွေးနွေး ပွဲ တစ်ရပ် ပြုလုပ်ပြီး ဆွေးနွေးခြင်း အားဖြင့်သာ စစ်မှန်သောငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းေ ရး ဖော်ဆောင်မှုနှင့်ပတ်သက်၍ နှောင့်နှေးနေခြင်းကိုလည်းအားရခြင်းမရှိဟု မွန်လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က စက်တင်ဘာ၂၈ရက်မှ ၃၀ရက်နေ့အထိ ကျင်းပနေသော မွန်အမျိုးသားကွန်ဖရင့်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
Photo: တစ်ပြည်လုံးအပစ်ရပ်နှင့်နိုင်ငံရေး မဆွေးနွေးနိုင်သေး၍ မွန်ပြည်သစ်ဥက္ကဋ္ဌ အားမရဖြစ်နေ
Tuesday, October 1, 2013

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများ ယခုတိုင် ပြုလုပ်နိုင်ခြင်း မရှိသေးသည့်အပေါ်တွင် အားမရဖြစ်နေသည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က ဆိုသည်။

စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်ထားရုံမျှဖြင့် မပြီးနိုင်ဘဲ နိုင်ငံရေးဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ပြီး ဆွေးနွေးခြင်း အားဖြင့်သာ စစ်မှန်သောငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့်ပတ်သက်၍ နှောင့်နှေးနေခြင်းကို လည်း အားရခြင်းမရှိဟု မွန်လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က စက်တင်ဘာ၂၈ရက်မှ ၃၀ရက်နေ့အထိ ကျင်းပနေသော မွန်အမျိုးသားကွန်ဖရင့်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

 “အဓိက ကျွန်တော်တို့ မြင်တာက ဖက်ဒရယ် ပြည်ထောင်စုတစ်ခုကို ညှိနှိုင်းအဖြေရှာပြီးတည်ဆောက်နိုင်မှ နိုင်ငံက တကယ် ငြိမ်းချမ်းမှာပါ။ အဲ့ဒီရည်မှန်းချက်ဖြစ်မြောက်ရေးအတွက် ကြိုးစားနေပါတယ်။ မွန်ပြည်သစ်အနေနဲ့ အပစ်အခတ်ရပ်ထားတာ တစ်နှစ်နီးပါး ရှိနေပါပြီ။ နိုင်ငံရေးဆွေးနွေးပွဲကို အခုထိ မလုပ်ရသေးဘူး။ နိုင်ငံရေးအရ အရင်ညှိနှိုင်းအရင်ဆွေးနွေးသင့်ပါတယ်။ ဒီလိုအချိန်ဆွဲနေတာတော့ မဖြစ်သင့်ဘူး။”ဟု   ညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်နှင့် မွန်ပြည်သစ် ပါတီဥက္ကဋ္ဌနိုင်ထောမွန်က ပြောသည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အများဆန္ဒနှင့်အညီ ပြုပြင်ရမည်ဖြစ်ပြီး အပေါ်ယံ ပြုပြင်မှုမျိုး မဖြစ်စေလိုကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြုပြင်နိုင်ပါက (၂၀၁၄)ခုနှစ်အတွင်း နိုင်ငံအခြေအနေ ပြောင်းသွားမည်ဟု ပြောဆိုသံများပေါ်ထွက်နေသော်လည်း လူထုကသာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လည်း နိုင်ငံကိုအမှန်တကယ်ချစ်မြတ်နိုးပါက ပြည်သူ့အကျိုး၊ လူထုဆန္ဒကိုသာ ကြည့်ရမည်ဖြစ်သည်ဟု ပြောကြားထားသည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရလက်ထက်မှာ အရေးကြီးဆုံး နံပါတ်(၁)ထားပြီး လုပ်ဆောင်နေတာပါ။ များများထိတွေ့များများဆက်ဆံနေတဲ့ လူတွေဟာတစ်ယောက်နဲ့တစ်ယောက် သဘောထားအမြင်တွေဖလှယ်ပြီးတော့ သဘောတူညီချက်တွေ ရလာပါမယ်။ UNFC အနေနဲ့လည်း ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှာ သတင်းအချက်လက် ကွာဟမှုလေးတွေ ဖြစ်နေတာပါ။ ကွာဟချက်အပေါ်မှာ မူတည်ပြီးတော့လည်း နည်းနည်းလေး လိုအပ်နေတာပါ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သန်း (၆၀)သော ပြည်သူတွေရဲ့ ရင်ထဲမှာ တန်ဖိုးထားတတ်လာရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာပါ။”ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နေသော (၂)နှစ်ကျော်ကာလအတွင်း ပြဿနာအချို့ ရှိနေသော်လည်း အခြေခံ ကောင်းများရရှိနေပြီဖြစ်သည့်အတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲအဆင့်သို့ ပြုလုပ်ရန် စတင်ပြင်ဆင်နေပြီဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီမှ သိရှိရသည်။

ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ၂၀၁၃ခုနှစ် အောက်တိုဘာလကုန်ပိုင်း၌ ပြင်ဆင်သွားမည်ဖြစ်ပြီး၊၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်နိုင်မည်ဟု ယူဆ ထားကြောင်း လက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့ကို ဖိတ်ကြား၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီမှ သိရသည်။

Myit Ma Kha Media Group 
 “အဓိက ကျွန်တော်တို့ မြင်တာက ဖက်ဒရယ် ပြည်ထောင်စုတစ်ခုကို ညှိနှိုင်းအဖြေရှာပြီးတည်ဆောက်နိုင် မှ နိုင်ငံကတကယ်ငြိမ်းချမ်းမှာပါ။ အဲ့ဒီရည်မှန်းချက်ဖြစ်မြောက်ရေးအတွက် ကြိုးစားနေပါတယ်။ မွန်ပြည် သစ်အနေနဲ့ အပစ်အခတ်ရပ်ထားတာ တစ်နှစ်နီးပါး ရှိနေပါပြီ။ နိုင်ငံရေးဆွေးနွေးပွဲကို အခုထိ မလုပ်ရသေး ဘူး။ နိုင်ငံရေးအရ အရင်ညှိနှိုင်းအရင်ဆွေးနွေးသင့်ပါတယ်။ ဒီလိုအချိန်ဆွဲနေတာတော့ မဖြစ်သင့်ဘူး။”ဟု ညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်နှင့် မွန်ပြည်သစ် ပါတီဥက္ကဋ္ဌနိုင်ထောမွန် က ပြောသည်။ လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အများဆန္ဒနှင့် အညီ ပြုပြင်ရမည်ဖြစ်ပြီး အပေါ်ယံ ပြုပြင်မှုမျိုး မဖြစ်စေလိုကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြုပြင်နိုင် ပါက (၂၀၁၄)ခုနှစ်အတွင်း နိုင်ငံအခြေအနေ ပြောင်းသွားမည်ဟု ပြောဆိုသံများပေါ်ထွက်နေသော်လည်း လူထုကသာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံကို အမှန်တကယ် ချစ်မြတ်နိုးပါက ပြည်သူ့အကျိုး၊ လူထုဆန္ဒကိုသာ ကြည့်ရမည်ဖြစ်သည်ဟု ပြောကြားထားသည်။
“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရလက်ထက်မှာ အရေးကြီးဆုံး နံပါတ်(၁)ထားပြီး လုပ်ဆောင်နေတာပါ။ များများထိတွေ့များများဆက်ဆံနေတဲ့ လူတွေဟာတစ်ယောက်နဲ့တစ်ယောက် သဘောထားအမြင်တွေဖလှယ်ပြီးတော့ သဘောတူညီချက်တွေ ရလာပါမယ်။ UNFC အနေနဲ့လည်း ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှာ သတင်းအချက်လက် ကွာဟမှုလေးတွေ ဖြစ်နေတာပါ။ ကွာဟချက် အပေါ်မှာ မူတည်ပြီးတော့လည်း နည်းနည်းလေး လိုအပ်နေတာပါ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သန်း (၆၀)သော ပြည်သူတွေရဲ့ ရင်ထဲမှာ တန်ဖိုးထားတတ်လာရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာပါ။”ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။ 
မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နေသော (၂)နှစ်ကျော်ကာလအတွင်း ပြဿနာအချို့ ရှိနေသော်လည်းအခြေခံ ကောင်းများရရှိနေပြီဖြစ်သည့်အတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲအဆင့်သို့ ပြုလုပ်ရန် စတင်ပြင်ဆင်နေပြီဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီမှ သိရှိရသည်။
ထိုကဲ့သို့လုပ်ဆောင်ရန်အတွက်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေး ပွဲ ပြုလုပ်ရန် ၂၀၁၃ခုနှစ် အောက်တိုဘာလကုန်ပိုင်း၌ ပြင်ဆင်သွားမည်ဖြစ်ပြီး၊ ၂၀၁၄ခုနှစ် နှစ်ဆန်း ပိုင်းတွင် ပြုလုပ်နိုင်မည်ဟု ယူဆ ထားကြောင်း လက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့ကို ဖိတ်ကြား၍ ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီမှ သိရသည်။

Myit Ma Kha Media Group

No comments:

Post a Comment

My Blog List