Thursday, October 03, 2013

ဖောက်ထွက်မှုကို မြင်ချင်ရင် ဗီဒီယိုထက် ရုပ်ရှင်ကို ကြည့်ပါဆိုတဲ့ ဒါရိုက်တာဝိုင်း

Thursday, October 3, 2013
ဒါရိုက်တာဝိုင်း က ဗိုလ်ချုပ် ရုပ်ရှင် အတွက် နယ်တွေကို သွားဖြစ် နေသလို ၂ဝ၁၅ မှာ ရုံတင်နိုင်ဖို့ အတွက် လည်း အားစိုက် လုပ်ဖြစ်နေ တယ် လို့ပြောပြပါတယ်။
“ဗိုလ်ချုပ် ရုပ်ရှင်ကို အစ်ကို့ တစ်ယောက်တည်း အနေနဲ့ ပြောနိုင် တာ တစ်ခုက ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ကို ၂ဝ၁၅ မှာ ရုံတင်ကို တင် နိုင်ရပါမယ်။ လတ်တလောမှာ ဒါကို ပိုပြီး အားစိုက် လုပ်ဖြစ်နေပါတယ်။ ဒါက မြန်မာ့သမိုင်း ရဲ့ အဓိကအကျ ဆုံးအရာပဲ” လို့ပြောပြပါတယ်။ လတ်တလော မှာတော့Vampire ဆို တဲ့ ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး တို့နဲ့ ရိုက်ကူးနေပါတယ်။ ရိုက်ကူးရင်း စိုင်းစိုင်းခမ်းလှိုင် က မန္တလေးမှာ ရှိုးသွား ဆိုတဲ့အတွက် ခဏတာ ရပ်ထားပြီး စက်တင်ဘာလ ကုန် မှာ ပြန်လည် ရိုက်ကူးမယ် လို့ သိရပါတယ်။ ဇာတ်ကား အတွက်နဲ့ ပတ်သက်ပြီး ဒါရိုက်တာဝိုင်း က.. “ဒီဇာတ်ကားလေး နာမည်က ကောင်မလေးရဲ့ Nick Name လေးပါ။ ရိုမန့် ဇာတ်ကား တစ်ကားပါ ပဲ။ ဒါပေမဲ့ ပရိသတ် ကြည့်နေတဲ့ အချိန် မှာတော့ တန်ရာ တန်ကြေး ဖြစ်အောင်တော့ ကြိုးစားနေပါတယ်။ အစ်ကို မကြာခဏ ပြောလေ့ရှိသလိုပဲ အစ်ကို့ရဲ့ ဗီဒီယို ကားတွေမှာ ထူးခြားချက် အကြီးကြီး ကို သိပ်မမျှော် လင့် စေ ချင်ဘူး။ အစ်ကိုတို့ ဗီဒီယို မှာက အချိန် အခက်အခဲ၊ ငွေကြေး အခက်အခဲတွေ ကြားမှာ ရုန်းကန်နေရတဲ့ အချိန် ဖြစ်နေတယ်။ ကိုယ့်ရဲ့ဖောက် ထွက်နိုင် တဲ့ စွမ်းအားက ဘယ်လိုမှ ဖောက်ထွက်နိုင်ဖို့ တော်တော် ခက်ခဲတယ်။ အစ်ကို့ရဲ့ ဖောက်ထွက် မှုတွေ ကို မြင်ချင်ရင်တော့ ကိုယ့်ရဲ့ ရုပ်ရှင် တွေကို ကြည့်ရင် ပိုကျိန်းသေတယ်” လို့ပြော ပါတယ်။ ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်ဖို့ အတွက် ၅ ကား ကျန်သေးတာ ဖြစ်ပြီး အနီးစပ်ဆုံး ၂ ကား ရုံတင်ဖို့ ရှိတာကြောင့် ဒီ ၂ ကားကို ကြည့်ပြီး ပရိသတ်တွေ ဒါရိုက်တာ ကို သိမှာပါလို့ ပြောပြ တာကြောင့်..
“ရုံတင်ဖို့က ၅ ကား ရှိတယ်။ အနီးစပ်ဆုံး ရုံတင်မှာက “မာယာ ပရောဂျက်” နဲ့ “စေတန်ရဲ့ ကချေသည်” ရုပ်ရှင် ၂ ကားပေါ့။ အဲဒီမှာ ဝိုင်း လား၊ လေးထောင့် လားဆိုတာ ကွဲမှာ ပေါ့။ တစ်ကား နဲ့ တစ်ကား ရုပ်ရှင်မှာ မတူအောင် ရိုက်ရတာ တအား ခက်ခဲ ပါတယ်။ တင်မယ့် ၂ ကားမှာ “စေတန်ရဲ့ ကချေသည်” က မန္တလေး မှာ အပီ အပြင်အောင်ပွဲ ခံခဲ့ပြီးပြီ။ “မာယာပရောဂျက်” က ပရိသတ် နဲ့ ထိတွေ့မှု လုံးဝ မရှိသေးတဲ့ ကားပါ။ စောင့်မျှော်ရကျိုး၊ ကြည့်ရ ကျိုးနပ်စေ ရပါမယ်” လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal

No comments:

Post a Comment

My Blog List