Wednesday, October 2, 2013
အီရန်တို့နျူကလီးယားဗုံး ပြုလုပ်ခြင်းကိုရပ်တန့်ရန်၎င်းတို့တစ်နိုင်ငံတည်းပင်ကိုင်တွယ်ရန်အသင့်ဖြစ် နေကြောင်း အီရန်ခေါင်းဆောင်သစ်များနှင့် သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေခြင်းအပေါ် သတိပေးသည့်အနေဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့တွင် ပြောကြားသည်။
“အီရန်နျူကလီးယား လက်နက်လုပ်မှာကိုအစ္စရေးခွင့်ပြုမှာမဟုတ်ပါဘူး၊ တကယ်လို့ အဲဒီကိစ္စအတွက် အစ္စရေးနိုင်ငံတစ်နိုင်ငံပဲကျန်ခဲ့မယ်ဆိုရင်လည်း အစ္စရေးဟာ တစ်နိုင်ငံတည်းရပ်တည်သွားမှာပါ” ဟု ကုလ သမဂ္ဂ ညီလာခံတွင် နေတန်ယာဟု ပြောကြားသည်။

အီရန်ကိုယ်စားလှယ်တို့က အီရန်နျူကလီးယားအစီအမံသည်
ငြိမ်းချမ်းရေးအတွက်သာရည်ရွယ်ကြောင်း တုံ့ပြန်ပြောကြားပြီးနေတန်ယာဟုကအီရန်သမ္မတသစ်သည်“သိုးရေခြုံသောဝံပုလွေ”ဖြစ်ကြောင်း ပြောကြား သည်။ သမ္မတအိုဘားမားက အစ္စရေးဝန်ကြီးချုပ်နှင့် တနင်္လာနေ့က တွေ့ဆုံချိန်တွင်
အင်အားကြီး အနောက်နိုင်ငံများသည်အီရန်နှင့်သံတမန်ရေးရာကိုစမ်းသပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများသည်အီရန်နိုင်ငံစီးပွားရေးကိုဆိုးဝါးစွာထိခိုက်နေသောကြောင့်အီရန်ခေါင်းဆောင်များ သည် ပိတ်ဆို့မှုများမှ သက်သာလိုကြောင်း
ရှင်းလင်းစွာဖော်ပြပြောကြားပြီးဖြစ်ရာ အိုဘားမားက“ဒါပေမယ့်
ကျွန်တော်တို့ဟာအဲဒီဆွေးနွေးပွဲတွေကိုလုံးဝရှင်းရှင်းလင်းလင်းသိရှိပြီးတော့ ပြုလုပ်ရပါမယ်၊ လွယ်မှာတော့
မဟုတ်ဘူး၊ပြီးတော့အီရန်တို့လိုချင်တဲ့ပိတ်ဆို့အရေးယူမှုကနေသက်ညှာခွင့်
ပေးနိုင်ဖို့ဆိုရင်မှန်ကန် ကောင်း မွန်ကြောင်း အတည်ပြုနိုင်မှုဟာ
အမြင့်ဆုံးအဆင့်မှာရှိနေဖို့ ကျွန်တော်တို့ တကယ်ကို လိုအပ်ပါတယ်” ဟု
ထပ်လောင်းပြောကြားခဲ့သည်။
နေတန်ယာဟုကအီရန်သမ္မတရိုဟာနီအီရန်နိုင်ငံအမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထိကာလများကိုလည်းထည့်သွင်းပြောကြားခဲ့သည်။
၎င်းကာလများတွင် ဖြစ်ပေါ်ခဲ့သည့် စစ်သွေးကြွတိုက်ခိုက်မှုများစွာသည် အီရန်နိုင်ငံက လုပ်ဆောင် ခဲ့ကြောင်း စွပ်စွဲပြစ်တင်မှုများရှိခဲ့ရာ အစ္စရေးဝန်ကြီးချုပ်က “အဲဒီအချိန်တုန်းက အီရန်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး အကြံပေးတစ်ယောက်ဟာ အဲဒီတိုက်ခိုက်မှုတွေအကြောင်း ဘာမှမသိဘူးဆိုတာ ကျွန်တော် တို့ယုံရမလား” ဟု ပြောကြားသည်။
အီရန်သမ္မတသည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အီရန်နျူကလီးယားအစီအမံများနှင့် ပတ်သက် ၍ နိုင်ငံတကာမှ ဖြစ်ပေါ်နေသည့် သံသယများကို အဆုံးသတ်ရန် လများမကြာမီအတွင်းတွင်ပင် သဘော တူညီချက်တစ်ခုရလိုကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သမ္မတနှင့်လည်းနှစ်သုံးဆယ်ကျော်အတွင်း ပထမ ဆုံးအကြိမ် အီရန်-အမေရိကန် သမိုင်းဝင်ဖုန်းအပြန်အလှန်တိုက်ရိုက်ပြောကြားခဲ့သည်။
အနောက်နိုင်ငံမှ စေ့စပ်ညှိနှိုင်းသူများနှင့် အီရန်ကိုယ်စားလှယ်များသည် ဂျနီဗာတွင်ပထမဆုံးအကြိမ်အဖြစ် ယခုလအတွင်း တွေ့ဆုံကြမည်ဖြစ်သည်။
Ref:AF
The Myanma Age

No comments:
Post a Comment