Wednesday, October 02, 2013

မြောက်ကိုးရီးယားတို့၏ နျူကလီးယား ခြိမ်းခြောက်မှုကို တားဆီးရန် အမေရိကန်နှင့် တောင်ကိုးရီးယား သဘောတူညီချက်သစ် လက်မှတ်ရေးထိုး

Wednesday, October 2, 2013
တိုးပွားလာနေသည့်ခြိမ်းခြောက်မှုများကြား မြောက်ကိုးရီးယားဘက်မှ နျူကလီးယားလက်နက် အသုံးပြုခြင်းနှင့် ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ပေါ်စေ သည့် အခြားလက်နက်များ အသုံးပြုခြင်းစသည့် ဖြစ်နိုင်ချေများကို တားဆီးရန် အမေရိကန်နှင့် တောင်ကိုးရီးယား နိုင်ငံတို့သည် သဘောတူညီချက်သစ် တစ်ခုကို လက်မှတ် ရေးထိုးခဲ့ကြောင်း နှစ်နိုင် ငံကာကွယ်ရေး အကြီးအကဲများက ယနေ့ပြောကြားသည်။
ကာကွယ်ရေး ဝန်ကြီးများသည် အမေရိကန် စစ်တပ်မှ တောင်ကိုးရီးယားသို့ ကိုးရီးယား ကျွန်းဆွယ်တွင်း ၎င်းတို့၏ ပူးတွဲတပ်များကို စစ်တွင်း အမိန့်ပေး ထိန်းချုပ်မှု လွှဲပြောင်းရေး ချိန်ကိုက်မှုကို ပြန်လည် သုံးသပ်ရန်လည်း သဘောတူညီခဲ့ကြကြောင်း ၎င်းတို့တွေ့ဆုံအပြီး ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းလွှဲပြောင်းရေးကို ဒီဇင်ဘာ ၂၀၁၅ တွင် လုပ်ဆောင်ကြရန် အချိန်ဇယား ဆွဲထားသော်လည်း မြောက်ကိုးရီးယား ဘက်မှ နျူကလီးယား လက်နက်များနှင့် တာဝေးပစ် ဒုံးစနစ်များက ယင်းမတိုင်မီ ဆက်တိုက် တွန်းအားပေး ဆောင်ရွက်နေလျှင် အချိန်ကာလ ရွှေ့ပြောင်းနိုင်ရန် တောင်ကိုးရီးယားနိုင်ငံတွင်း တောင်းဆိုမှုများ ရှိနေပြီးဖြစ်သည်။
“အဓိက ပူပန်မှုတွေ ထဲမှာတော့ မြောက်ကိုးရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးစနစ်တွေ ဖြစ်ပါတယ်။ သူ့ရဲ့ပမာဏ အများကြီး ထုတ်လုပ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ သူရဲ့ ဓာတုလက်နက်တွေ ဖြစ်ပါတယ်”ဟု ကာကွယ်ရေး ဝန်ကြီး ချတ်ခ်ဟက်ဂယ်က တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီး ကင်ကွန်ဂျင်က ပူးတွဲသတင်း စာရှင်းလင်းပွဲ တွင် ပြောကြားသည်။
“အဲဒီပူပန်မှုတွေကြောင့် ကျွန်တော်တို့ မြောက်ကိုးရီးယားတို့ရဲ့ နျူကလီးယား လက်နက်တွေနဲ့ အခြား ထိခိုက်မှု ကြီးမားစေတဲ့ လက်နက်တွေကို တားဆီးနိုင်မယ့် နှစ်ဘက်သဘော တူညီတဲ့ မဟာဗျူဟာ တစ်ခုကို ကျွန်တော်တို့ လက်မှတ်ရေးထိုး ထားခဲ့ပါတယ်”ဟုလည်း ၎င်းက ပြောကြားသည်။
ဗျူဟာသည်မည်သို့ဖြစ်ကြောင်း ဖော်ပြချက်များ ထုတ်ပြန်ခဲ့ခြင်း မရှိကြဘဲ ပြုံးယမ်းဘက်မှ နျူကလီးယား လက်နက်များ တည်ဆောက် အသုံးပြုရန် မကြာမီက ဆောင်ရွက်ခဲ့ချက်များအရ ၎င်းထွက်ပေါ်လာခဲ့ရခြင်း ဖြစ်ကြောင်း ဟက်ဂယ်က ပြောကြားသည်။
တောင်ကိုးရီးယား မီဒီယာက ဗျူဟာသစ်သည် မြောက်ကိုးရီးယား နိုင်ငံကို တိုက်စစ်ဆင်နိုင်ရေးအတွက် စစ်လက်နက်များ အသုံးပြုနိုင်ရေးနှင့် သက်ဆိုင်ကြောင်း ရေးသားထားသော်လည်း အမေရိကန် ကာကွယ်ရေး ထိပ်တန်းအရာရှိ တစ်ဦးက ၎င်းအဆိုကို ငြင်းဆိုထားပြီး ၎င်းသဘော တူညီချက်သည် မြောက်ကိုးရီးယား နိုင်ငံဘက်မှ တိုက်ခိုက်လာသည်ကို ထိရောက်စွာ တားဆီးနိုင်မှု တိုးမြင့်ရေးအတွက် များစွာသော ကာကွယ်ရေး စွမ်းရည်များကို အသုံးပြုမှုအပေါ် ဆွေးနွေးချက်များအတွက် အခြေခံပုံစံတစ်ခုကို ပေးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Photo: မြောက်ကိုးရီးယားတို့၏ နျူကလီးယား ခြိမ်းခြောက်မှုကို တားဆီးရန် အမေရိကန်နှင့် တောင်ကိုးရီးယား သဘောတူညီချက်သစ် လက်မှတ်ရေးထိုး  

Ref:R
The Myanma Age Ref:R
The Myanma Age

No comments:

Post a Comment

My Blog List