Friday, October 04, 2013

မိဘမဲ့ကလေးတွေကိုစာနာတယ်လို့ဆိုတဲ့ Miss Universe Myanmar 2013 ဆုပိုင်ရှင် မိုးစက်ဝိုင်

Friday, October 4, 2013
နိုဝင်ဘာ(၉)ရက် ရုရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် Miss Universe 2013 တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မိုးစက်ဝိုင်မှ ရရှိခဲ့သောဆုကြေးများအား မိဘမဲ့ကလေးများအတွက် ပဒေသာပင်ထူထောင်သွားလိုသည်ဟု ဆိုသည်။Miss Universe Myanmar 2013 မိုးစက်ဝိုင်သည် ဆန်ခါတင်ငါးဦး အဆင့်မေးခွန်းတစ်ခုစီ ဖြေကြားခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဆုရရှိခဲ့မယ်ဆိုရင် ပဒေသာပင်လေးတစ်ခုထူထောင်ချင်ပါတယ်။ ဘယ်လိုပဒေသာပင်မျိုးလဲဆိုတော့ မိဘမဲ့ကလေးလေးတွေအတွက် ပဒေသာပင်လေး ထူထောင်ချင်ပါတယ်"ဟုမိုးစက်ဝိုင်က ပြောကြားခဲ့သည်။

မိုးစက်ဝိုင်သည် Miss Universe Myanmar 2013 အပါအဝင် အသားအရေစိုပြေမှု(Miss Healthy Skin)နှင့် လူကြိုက် အများဆုံး (Miss Famous Award)ဆုတို့ကိုပါ ရရှိခဲ့ပြီး Miss Universe Myanmar 2013 အတွက် ဆုကြေးငွေကျပ် သိန်း(၁၀၀)၊ စိန်သရဖူတစ်ခုနှင့် Honda Fit ကားတစ်စီး၊ Miss Healthy Skin အတွက် ဆုကြေးငွေကျပ် (၆)သိန်းနှင့် Miss Famous Award အတွက် ဆုကြေးငွေကျပ် (၁၀)သိန်း ရရှိခဲ့သည်။
ထို့အပြင် 1st Runner Up ဆုနှင့် Miss Photogenic Award ဆုကို မအေးချမ်းမိုးကရရှိခဲ့ပြီး 2nd Runner Up ဆု အပါအဝင် Miss Healthy Body & Beautiful Skin Award နှင့် Miss Body Perfect Award တို့ကို မမြနှင်းဖြူတို့က ရရှိခဲ့သည်။

No comments:

Post a Comment

My Blog List