Thursday, October 03, 2013

ထိုင်ဝမ်သားကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အမှုဖွင့်

Thursday, October 3, 2013
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရွှေတိဂုံဘုရားလမ်း (၇) ရပ်ကွက်တွင် အမြဲတမ်း နေထိုင်ခွင့်ဖြင့်နေ သူ အသက် ၅၃ နှစ်အရွယ်ရှိ ထိုင်ဝမ်အမျိုးသားတစ်ဦးကို မူးယစ်ဆေးသုံးစွဲမှုဖြင့် တရားရင်ဆိုင်နေရစဉ် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အောက်တိုဘာ ၁ ရက်နေ့က ထပ်မံအမှုဖွင့်ထားကြောင်း လသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းက The Voice သို့ ပြောကြားသည်။
ထိုင်ဝမ်တွင် နေထိုင်သူ ဦးကျော်ခင် (ခ) ရန်ကျုံချင်းကို စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ၎င်းနေထိုင်ရာ နေအိမ်တွင် WY စိတ်ကြွဆေးပြား ၅၂ ပြား၊ ဒိုင်ယာစီပင် ထိုးဆေး ၁၁ လုံး၊ ဗျူဖရီနော်မင်း ထိုးဆေး ၂၁ လုံးတို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်နေ့တွင် တရားရုံးတွင်စစ်ဆေးလျက်ရှိရာဗီဇာပါစည်းကမ်းချက်ဖောက်ဖျက်မှုကြောင့်ထပ်မံအမှုဖွင့် ရခြင်း ဖြစ်ကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအုပ်တိုးမြို့က ပြောကြားသည်။ ယင်းအမျိုးသား ဦးကျော်ခင် (ခ) ရန်ကျုံချင်းကို မူးယစ်ဆေးဝါးသုံးစွဲသဖြင့် မြန်မာနိုင်ငံ သို့ ရောက်ရှိနေထိုင် စဉ် ကာလအတွင်း လိုက်နာရမည့် ဗီဇာပါ စည်းကမ်းများကို ချိုးဖောက်သဖြင့် အမှုဖွင့်ထားကြောင်း၊ ၎င်းကို အမှုဖွင့်ထားသည့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁) ကို ကျူးလွန် ဖောက်ဖျက်ပါ က ထောင်ဒဏ်ခြောက်လမှ ငါးနှစ်အထိ၊ ငွေဒဏ်ကျပ် ၁၅၀၀ နှင့် ဒဏ်နှစ်ရပ်စလုံးက ကျခံရ မည် ဖြစ်ကြောင်း လသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနထံမှ သိရှိရ  သည်။
The Voice Weekly

No comments:

Post a Comment

My Blog List