Thursday, October 03, 2013

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခဈေးနှုန်းချိုသာရန် ဆောင်ရွက်ပေးမည်ဟု သမ္မတ ကတိပြု

Thursday, October 3, 2013
ကျောက်ဖြူမှထွက်သော သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးကို ဈေးနှုန်းချိုသာ စွာဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမည်ဟု ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော သမ်္မတ ဦးသိန်းစိန်က ကတိပြု ခဲ့ကြောင်း အောက်တိုဘာ ၂ ရက်က သမ္မတနှင့် တွေ့ဆုံခဲ့ သူ မြို့မိမြို့ဖတစ်ဦးဖြစ် သည့် စစ်တွမြို့မှ ဦးသန်းထွန်းက မဇ်္ဈိမကို ပြောသည်။ သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၂ ရက်က စစ်တွေ့မြို့မိ မြို့ဖများနှင့်တစ်ကြိမ်၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တစ်ကြိမ် စစ်တွေမြို့တွင် တွေ့ဆုံခဲ့ သည်။“ရခိုင်တစ်ပြည်နယ် ၁၇မြို့နယ်လုံး မီးရရှိဖို့ ၅၀ မဂ္ဂါဝပ်ရှိတဲ့ ဂက်စ်တာဘိုင် တည်ဆောက်ပြီး ပေးဝေ သွားမယ်လို့ပြောသွားပါတယ်။ ရခိုင်ပြည်နယ်၁၇ မြို့နယ်အတွက် ၁၅ မဂ္ဂါဝပ်နဲ့ ၂၀ မဂ္ဂါဝပ်ဆို လုံလောက်နိုင်တဲ့အတွက်ပိုတဲ့ဟာကို ပြည်မထဲကို ပြန်သွယ်တန်းမယ်လို့လဲ ပြောသွားပါတယ်။ ဒီအချက် ကတော့ ကျွန်တော် တို့ တစ်ပြည်နယ်လုံးကျေနပ်အားရတဲ့အချက်ပါ” ဟု ဦးသန်းထွန်းက ပြောသည်။
၎င်းအပြင်ကျောက်ဖြူစက်မှုဇုန်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်ပြီးဆက်လက်အကောင်အထည်ဖော် မည်ဟုလည်း သမ္မတက ပြောကြားသွားသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး ကော်မတီ တာဝန်ခံ ဦးဝင်းမြိုင်က မဇ္ဈိမသို့ ပြောသည်။
၎င်းက “ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မယ့်ကိစ္စ၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ် စလုံးကိုကျောက်ဖြု သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး လျှပ်စစ်မီးပေးမယ့် ကိစ္စတွေပြောပါတယ်” ဟု ပြောကြားသည်။ယင်းသို့ ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီးဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရန် ဆောင်ရွက်ပေး သွားမည်ဟု သမ္မတကပြောကြားထားသော်လည်း မည်သည့်အချိန်တွင်ပင် ပေးမည်ကိုမူ အတိအကျပြော ကြားသွားခြင်း မရှိသေးဟုလည်း တွေ့ဆုံခဲ့သူများက ပြောသည်။ လျှပ်စစ်မီးပေးမည့် အချိန်နှင့်ပတ်သက်၍ သမ္မတ ပြောကြားခဲ့သည်ကို ဦးသန်းထွန်းက“အခု ရေတွင်းတူး အခုရေကြည် သောက်လို့မရဘူး။ သင့်တင့် တဲ့ အချိန်ကာလလေး တစ်ခုကိုတော့ စောင့်ဆိုင်းပေးကြပါလို့ ပြောသွားပါ တယ်” ဟု ပြော ကြားခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လျှပ်စစ်မီးရရှိရေးအတွက် သုံးမဂ္ဂါဝပ် ရှိသော ဂက်စ်တာ ဘိုင်တစ်ခုဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးရန် စီစဉ်လျက်ရှိပြီး ယခုထပ်မံ တည်ဆောက်မည့် ဂစ်က်တာဘိုင်မှာ ၅၀ မဂ္ဂါဝပ် ရှိသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်၁၇ မြို့နယ်တွင် ၁၆မြို့နယ်မှာ ပုဂ္ဂလိကမှ လျှပ်စစ်မီး ပေးခြင်းဖြစ်ပြီး တစ်ယူနစ်လျှင် ကျပ်၅၀၀ ၀န်းကျင်ခန့်ရှိသည်။ ကျောက်ဖြူမြို့နယ်မှာမူ ကျောက်ဖြူ-တရုတ်သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ ရရှိသောဓါတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးသည့် အတွက် ပြီးခဲ့သည့် စက်တင်ဘာလလယ် ခန့်က တစ်ယူနစ်လျှင် ၃၅ကျပ်ဖြင့် လျှပ်စစ်မီးရရှိခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ဒေသခံများအနေဖြင့် ကျောက်ဖြူသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော သဘာဝ ဓာတ်ငွေ့မှ လျှပ်စစ်မီး ရရှိရေးနှင့် သယံဇာတအကျိုးခံစားခွင့်ရရှိရေးအတွက် လူထုလက်မှတ် ကောက် ခံမှုများ၊ ဆန္ဒထုတ်ဖော်မှု များကို ပြုလုပ်လျက် ရှိသည်။ ၎င်းအပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန် ကိစ္စများကို ပြောကြားခဲ့ သည်ဟုလည်း ဦးဝင်းမြိုင်က ဆိုသည်။
“ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ ကိစ္စတွေဟာ မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တာ ဖြစ်တယ်။ ဒါကြောင့် တရား ဥပဒေ စိုးမိုးရေးကို အဓိက ဆောင်ရွက်ဖို့လည်း အစိုးရအဖွဲ့ကို တိုက်တွန်းသွားပါတယ်” ဟု ဦးဝင်းမြိုင် က ပြောသည်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ဒေသခံများအနေဖြင့် စစ်တွေမြို့ မြို့မိမြို့ဖများမှ တစ်ဆင့် သမ္မတထံ တင်ပြရန် စာတမ်းများ ပေးပို့ထားပြီး ယင်းနေ့တွင် သမ္မတထံ တင်ပြပေးပို့ခဲ့သည်ဟုလည်း ဦးသန်းထွန်းက ဆိုသည်။ အဆိုပါ စာတမ်းများတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို တိကျစွာ အကောင်အထည်ဖော်ရေး၊ ယာယီသက်သေခံ ကတ် တ့ငအန ခမေိကိုင်ဆောင်သူများကို မဲပေးခွင့် ပါတီထောင်ခွင့်ကို ပြန်လည် သုံးသပ်ပေးရေး၊ ဒေသလုံခြုံရေး အတွက် တပ်မတော် လက်အောက်တွင် ပြည်သူ့စစ်များ ဖွဲ့စည်းပေးရေး တစ်ပြည်နယ်လုံး လျှပ်စစ်မီးရရှိရေးတို့ကို တူညီစွာ တင်ပြထားသည်ဟု သမ္မတထံစာတမ်းများ တင်ပို့ခဲ့သူ ဦးသန်းထွန်းက မဇ်္ဈိမကို ပြောသည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List