Thursday, October 03, 2013

မလေးရှားမှ မြန်မာလုပ်သား ၁၇၀ ကျော် MAI ၏ အခမဲ့ လေကြောင်းဖြင့် ထပ်မံ ပြန်လာရန်ရှိ



Thursday, October 03, 2013


မလေးရှားမှ ပြန်လာလိုသော မြန်မာလုပ်သားများကို လေယာဉ်လက်မှတ်အခမဲ့ဖြင့် ပြန်လည်ခေါ်ဆောင်ရန် MAI လေကြောင်းလိုင်းက စီစဉ်ထားရာ အောက်တိုဘာ ၈ ရက် အပြန်ခရီးအတွက် စာရင်းပေးထားသူ လုပ် သား ၁၇၀ ကျော်ရှိကြောင်း ထိုလေကြောင်းလိုင်း၏ ဈေးကွက်နှ င့် ပြင်ပဆက်ဆံရေး အရာရှိ ဒေါ်အေး မရ သာ က အောက်တိုဘာ ၂ ရက်တွင် ပြောသည်။
၎င်းက “အလုပ်သမားတွေကလည်း ဟိုမှာပြန်လာဖို့ အများကြီးရှိတယ်လေ။ ဒါကို ကျွန်မတို့က အကန့်အ သတ်မရှိ အခမဲ့ခေါ်ပေးတာပါ။ ၁၇၀ ကျော်လောက် ပြန်လာဖို့ တော့သေချာတယ် ” ဟု ဆိုသည်။

ယင်းလေကြောင်းဖြင့် ပြန်လာမည့် အလုပ်သမားများသည် အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး MAI နှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရ ဦးဆောင်သာ သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)တို့ ပူးပေါင်း၍ အခမဲ့ ပြန်လည် ခေါ် ဆိုခြ င်း ဖြ စ်သည်။

MAI လေကြောင်းမှ မလေးရှားမှ ပြန်လိုသော မြန်မာအလုပ်သမားများကို အခမဲ့ပြန်လည်ခေါ်ဆိုမှုမှာ ယခု အကြိမ်ထိ ငါးကြိမ်မြောက်ရှိပြီဖြစ်ပြီး လေးကြိမ်မြောက်အထိ အလုပ်သမားဦးရေ ၇၀၀ နီးပါး ခေါ်ဆော င် လာပြီး ဖြစ်သည်ဟု လည်း ဒေါ်အေးမရသာက ဆိုသည်။

ယင်းအပြင် ဇွန်လအတွင်းကလည်း MAI လေကြောင်းလိုင်းမှ မြန်မာအလုပ်သမား များကို လေယာ ဉ်လက် မှတ်ခ ထက်ဝက်လျှော့ချ ပြီး ပြန်လည်ခေါ်ယူခဲ့ရာတွင်လည်း အလုပ်သမားပေါင်း ၃၀၀၀ ကျော် ပြန်လာသ ည်ဟုလည်း ၄င်း၏ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ၁ရက်မှစတင်ပြီးမလေးရှားအစိုးရကတရားမ၀င် နိုင်ငံခြားအလုပ်သမားများကိုဖမ်းဆီးခဲ့ပြီးနောက်
မြန်မာအလုပ်သမားများ ပြန်လာကြခြင်းဖြစ်သည်။

မလေးအစိုးရ မှ စီမံချက်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် တရားမ၀င် အလုပ်သမားများထဲ တွ င် မြန်မာနိုင်ငံမှ တတိယအများဆုံး ထိန်းသိမ်းခံထားရနေရာ၌ရှိပြီး မြန်မာအလုပ်သမား ၅၅၅ ဦးဖမ်း ဆီးခံရ သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

မလေးရှာနိုင်ငံတွင် မြန်မာအလုပ်သမား နှစ်သိန်းခွဲကျော်ရှိပြီး တရားဝင်အထောက် အထားရှိသ ည့် မြန် မာ အလုပ်သမား ၁၄,၀၀၀ ကျော်၊ တရားမ၀င်အလုပ်သမား ၁၁၀,၀၀၀ နှင့် #UNHCR လက်မှတ် ကိုင်ဆောင် ထားသူ မြန်မာအလုပ်သမား ရှစ်ထောင်ခန့် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List