Wednesday, October 02, 2013

မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲက တပ်မတော်ကို ဖယ်ထုတ်မယ်ဆိုရင်....

Wednesday, October 2, 2013
ကျွန်တော်လည်းနည်းနည်းဆွေးနွေးပါရစေဗျာ။တော်တော်များများကမြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ဝေဖန်ေ ဆွးနွေး နေကြချိန်မှာတပ်မတော်တစ်ဘက်တည်းကိုပဲ ဇောင်းပေးပြောကြတာတွေ့နေရပါတယ်။
ဟိုနေ့ကလည်း ဒေါက်တာရန်မျိုးသိမ်းက တပ်မတော်ကို professionalလုပ်ဖို့ ကိစ္စတိုက်တွန်းထား တာဖတ် လိုက်ရတယ်။ဒ်ါစုကလည်း ကျားသစ်ကြီးကို အရောင်ပြောင်းခိုင်းတာ အကွက်ဖျောက်ခိုင်းတာ မဟုတ် ပါဘူး။ သူနေရာမှာသူလှလှပပရှိချင်တာပါလို့ဆိုခဲ့ ပြန်ပါတယ်။ဒီကြားထဲ ဟိုလူပြော ဒီလူပြောနဲ့ တပ်မတော် ကို နိုငိငံရေးအခန်းကဏ္ဍထဲကနေ လုံးလုံးလျားလျားဖယ်ထုတ်ချင်နေကြတာတွေကိုလည်း နားနဲ့မ ဆန့်အောင်ကြားနေရပါတယ်။
တပ်မတော်နဲ့ မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍကို ဂဃဏနသုံးသပ်ပြနိုင်သူ အပြင်လူထဲမှာ ဆရာကျော်ဝင်း ကလွဲပြီး Third Personကျတဲ့ လူမတွေ့သေးပါဘူး။မဖတ်ဖြစ်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါကတစ်ပိုင်းပါ။ နောက်တစ်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သက်ပြီးတော့ပါ။ ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၃၃၈)အရ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့စည်း အားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင်ရှိရမည်ဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြတာ မတွေ့ရသလောက်ပါပဲ။ဒါဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်သလို လွှတ်တော်တွင်းမှာ တပ်မတော်နေရာ ရယူထားခြင်းရဲ့ အခြေခံအကြောင်းရင်း တစ်ရပ်လည်းဖြစ်ပါတယ်။
ဘယ်နိုင်ငံမှာမှမရှိတဲ့တစ်ဗိုလ်တစ်မင်းတပ်အခင်းအကျင်းတွေနဲ့အစိတ်စိတ်အမွှာမွှာကွဲနေတဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြန်မာပြည်ကြီး ပြန်ပေါင်းထုပ်ရာမှာ မသိကျိုးကျွံထားလို့မရပါဘူး။စစ်ရေး နဲ့ ဖြေရှင်း တယ်ဆိုတာ နိုင်ငံရေးအရ ဖြေရှင်းမရလို့ နောက်ဆုံးနည်းလမ်းနဲ့ ဖြေရှင်းကြတာပါ။အရင်က စားပွဲ ၀ိုင်းမှာ အေးဆေးစွာ ဖြေရှင်းမရခဲ့လို့ တိုက်ခဲ့ကြတယ်ထား။ခုလို သမ္မတကြီးအပါအ၀င်၊ငြိမ်းချမ်းရေးစင် တာတွေရော၊ နိုင်ငံတကာကရော လှိုက်လှိုက်လှဲလှဲ တခဲနက်ထောက် ခံနေချိန်မှာ လက်တစ်လုံးခြား လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အနည်း ငယ်ကိုရော ဘယ်လိုဆွဲဆောင်သင့်ပါသလဲ။သူတို့ကို တစ်ဘက်က လက်ဝါးဖြန့်ပြီး လက်ကမ်းကြိုနေတာ ကြာပြီ။သူတို့က ခုထိ လက်သီးဆုပ်တုန်းပဲရှိသေးတယ်။ လက်သီး ဆုပ်ထားရခြင်းရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ နောက်ခံအခြေနေတွေရှိတာကိုရော ဘယ်လို လုပ်သင့် ပါသလဲ။တပ်မတော်တစ်ဘက်ထဲကိုပဲမဲတင်းပြောနေလို့မရပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် က နောက်ပြန်မလှည့်ဘူး။သမ္မတကြီးရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်သွားမယ်လို့ ကတိက၀တ်ပြုထားတာ တပ်မတော်ဘက်ကအသိသာဆုံး နွေးထွေးမှု တစ်ခုပါ။အဲဒီငြိမ်းချမ်းရေးဆို တဲ့ ခေါင်းစဉ်အောက်မှာ နေ့မြင်ညပျောက်နေရတဲ့တပ်မတော်သားတွေအကြောင်းကို ဖခင်တစ်ဦးဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စိတ်မကောင်းခြင်းကြီးစွာသိနေပါ တယ်။မြန်မာတစ်ပြည်လုံး ငြိမ်းချမ်း ဖို့ သူတို့အားလုံးအသက်သွေးချွေးတွေကို စတေးပေးဆပ်နေပါတယ်။ဒါတွေကို မျက်ကွယ်ပြုပြီး အမှားက အမှန်ဖြစ်အောင်၊အဓမ္မကို ဓမ္မဖြစ်အောင် မလိုတမာလုပ်ဆောင်နေကြ တာတွေကိုရော ဘယ်လိုတားဆီး သင့်ပါသလဲ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့အထဲက တစ်ချက်ကို ကျွန်တော်တင်ပြလိုပါတယ်။ မြန်မာ့ တပ်မတော်အနေနဲ့ ကချင်နဲ့ရှမ်းပြည် တပ်မတော် ဌာနချုပ်တွေကိုအချိန်မရွေးသိမ်းပိုက်နိုင်စွမ်းရှိပေမယ့် တိုင်းပြည်တည်ငြိမ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပြီး သူ့အနေနဲ့ အဲဒီလိုတိုက်ခိုက်မှာ မဟုတ်ဘူးလို့ တိတိပပပြောသွားတာပါ။ဒါဟာ ခြိမ်းခြောက်တာမဟုတ်ဘဲ ခုထိလက်ဝါးဖြန့်ထားဆဲဆိုတာ အားလုံး သိအောင် ကြော်ညာလိုက်တာပါ။ဒီနေရာမှာ ငြိမ်းချမ်းရေးတွက် ဆန္ဒပြနေသူတွေဆို တဲ့ ဝေလေလေ ပုဂ္ဂိုလ်တွေ အပါအ၀င် တစ်ချို့သော နိုင်ငံရေးပါတီတွေဟာ သူတို့ဘက်ကိုကျ တစ်ခွန်းမှ မဟ၀ံ့တာ ဘယ်လိုသဘောဆောင်သလဲဗျာ။တပ်မတော်ဟာခင်ဗျားတို့တောင့်တနေကြသလိုအချိန်တန်ရင်အိမ်ပြန်မှာပါ။ စစ်တန်းလျားကို မလွဲမသွေ ပြန်နေ မှာပါ။ဒါပေမယ့် ဒီလက်နက်ကိုင်ပြဿနာတွေကို ဘယ်သူဖြေရှင်းပေး ကြမလဲ။ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တပ်မတော်အခန်းကဏ္ဍကို ဘယ်သူတွေ အရောင်တင်ပေးကြမလဲ။ တပ်မတော်ကို လွှတ်တော်ထဲက ဂုဏ်သိက္ခာရှိစွာ ထွက်ခွာသွားအောင် ဘယ်သူတွေ ဘယ်လောက် အကျိုးဆောင်နေလဲ။ခုထိတော့ တပ်မတော်ဘက်ကနေ လောက်လောက်လားလား အားကိုးအား ထားပြုလောက်တဲ့နိုင်ငံရေးအင်အားစု၊လူပုဂ္ဂိုလ်လိုနေသေးတာအသေချာပါပဲဗျာ။တပ်မတော်ကိုလွှတ်တော် ထဲက ဖယ်ထုတ်ဖို့ပဲ စဉ်းစားနေကြတယ်။
တပ်မတော်ဘက်ကျတော့ ထည့်မစဉ်းစားပေးကြဘူး။ တပ်မတော်ဆိုတာ နိုင်ငံရေးသမားတွေရဲ့ လက်ခုပ်ထဲကရေ မဖြစ်တာ သေချာတဲ့တစ်နေ့၊မြန်မာပြည်မှာ တပ်မတော်တစ်ခုထဲပဲရှိတဲ့တစ်နေ့ကျရင် ခင်ဗျားတို့ မမြင်ချင်တဲ့ နေရာမှာ တပ်မတော်မရှိဘူးဆိုတာ ကျွန်တော်ကျိန်းသေပြောရဲတယ်ဗျာ။
အဲဒီတော့ တပ်မတော်ကို သံပုံးတီး တောထုတ်ဖို့ အလောသုံးဆယ် မစဉ်းစားပဲခိုင်မာတဲ့လှမ်းခြေရ မှ ဖြည်းဖြည်းချင်း နောက်ဆုတ်စေကြရင် ခြင်္သေရဲ့မာနနဲ့ ခြင်္သေ့ရဲ့သဘာဝကို မထိခိုက် ဘဲ မြန်မာနိုင်ငံရေး အတွက်လည်း ပိုပြီးချောမွေ့စေမှာ အမှန်ပါပဲဗျာ။
Aung Zay

No comments:

Post a Comment

My Blog List