Wednesday, October 02, 2013

ဥပဒေဘွဲ့ကို အွန်လိုင်းမှ သင်ယူနိုင်တော့မည်

Wednesday, October 2, 2013
အွန် လိုင်းမှသင်ကြားနိုင်မည့် ဥပဒေ သင်တန်းအတွက် (LLB)ဘွဲ့ချီး မြှင့်တော့ မည်ဖြစ်ကြောင်း သိရ သည်။ ရန်ကုန်အဝေးသင်တက္က သိုလ်မှ စီစဉ်ဖွင့်လှစ်လျက်ရှိသည့် အွန်လိုင်းဥပဒေဘွဲ့ သင်တန်းကို လာမည့် ဒီဇင်ဘာတွင် ဖွင့်လှစ် နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိ ရသည်။
''အွန်လိုင်းဥပဒေသင်တန်းကို ဒီပလိုမာပဲပေးနေရာက အခု ဆိုရင် ဘွဲ့ပါ ချီးမြှင့်သွားတော့မှာ ဖြစ်ပါတယ်။ အွန်လိုင်းဒီပလိုမာ တန်းကဖွင့်ခဲ့တဲ့နှစ်မှာပဲ အောင် မြင်မှု ရရှိခဲ့တယ်။ တက်ရောက်နေတဲ့ သူတွေရဲ့အားပေးမှုကြောင့် သက် ဆိုင်ရာကို တင်ပြပြီး အွန်လိုင်း ဥပဒေဘွဲ့သင်တန်းကိုပါ ဖွင့်လှစ် တော့မှာဖြစ်ပါတယ်''ဟု ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာလှတင့်က ပြော ကြားသည်။
အွန်လိုင်းဥပဒေဘွဲ့အတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ ပြီး ဥပဒေဘွဲ့အတွက် အမှတ်မီ သောကျောင်းသားများ လျှောက် ထားနိုင်ကြောင်း၊ ဒုတိယအမျိုးအ စားအနေဖြင့် တခြားတက္ကသိုလ် များတွင် သက် ဆိုင် ရာ နှစ် အသီး သီးတွင် တက်ရောက်နေသော ကျောင်းသားများ လျှောက်ထား နိုင်ကြောင်း၊ မည်သည့်ဘွဲ့မဆို ရရှိထားသည့်သူများပါ ယင်းသင် တန်းကိုလျှောက်ထားနိုင်ပြီး ငါး နှစ်သင်တန်းဖြစ်ကြောင်း သိရ သည်။ ''ပညာလိုချင် တဲ့ ကလေး တွေ အတွက် ရိုးရိုးအဝေးသင် သင် တန်းကတစ်မျိုး၊ အွန်လိုင်းနဲ့လဲ ထပ်ဆွဲခေါ်တာပေါ့။ အဲဒါကြောင့် အွန်လိုင်း LLB ကို စဖွင့်တော့မှာ ပါ''ဟု ဒေါက်တာလှတင့်ကထပ်မံ ပြောသည်။

အဆိုပါသင်တန်းအတွက် သင်တန်းသားများကို သတင်းစာ များမှတစ်ဆင့် ခေါ်ယူမည်ဖြစ် သော်လည်း လက်ရှိတွင်လာရောက် လျှောက်ထားသူများလည်း ရှိနေ ပြီဖြစ်ကြောင်း၊ လျှောက်လွှာတစ် ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List