Friday, October 04, 2013

သမ္မတဦးသိန်းစိန် ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖများ၊ စည်ပင်တာဝန်ရှိသူ ၁၀ ဦး၊ ကမန်တိုင်းရင်းသား ခုနစ်ဦးတို့ သံတွဲမြို့တွင် တွေ့ဆုံ

Friday, October 4, 2013
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားနေစဉ် ကာလအတွင်း သံတွဲမြို့သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် သံတွဲမြို့ရှိ အဏ္ဏ၀ါ ဧည့်ရိပ်သာတွင် ရခိုင်တိုင်းရင်း သား မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်မှ ၁၀ ဦး၊ ကမန်တိုင်းရင်းသား ခုနစ်ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Photo: သမ္မတဦးသိန်းစိန် ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖများ၊ စည်ပင်တာဝန်ရှိသူ ၁၀ ဦး၊ ကမန်တိုင်းရင်းသား ခုနစ်ဦးတို့ သံတွဲမြို့တွင် တွေ့ဆုံ
Friday, October 4, 2013

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားနေစဉ် ကာလအတွင်း သံတွဲမြို့သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် သံတွဲမြို့ရှိ အဏ္ဏ၀ါ ဧည့်ရိပ်သာတွင် ရခိုင်တိုင်းရင်း သား မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်မှ ၁၀ ဦး၊ ကမန်တိုင်းရင်းသား ခုနစ်ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် တွေ့ဆုံချိန် ၁၅ မိနစ်ဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံအတွင်း ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားပြီး နေအိမ်များ ဆုံးရှုံးခဲ့ရသည့်အတွက် နိုင်ငံတော်အနေဖြင့် မြန်မာကျပ်ငွေ ရှစ်ဘီလျံခန့် ထောက်ပံ့ခဲ့ရကြောင်း၊ ထိုသို့ ပဋိပက္ခများသာ မဖြစ်ခဲ့လျှင် အဆိုပါ ငွေကြေးများကို နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် သုံးစွဲ၍ ရနိုင်မည် ဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်စဉ် များကြောင့် ယင်းဒေသ၏ စီးပွားရေးအပြင် နိုင်ငံ၏ စီးပွားရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ ထို့ပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများလည်း နည်းပါးနိုင်ပြီး တိုင်းပြည်၏ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်း စသဖြင့် ပြောကြားခဲ့ကြောင်း သမ္မတနှင့် တွေ့ဆုံခွင့်ရခဲ့သည့် ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးမြင့်အောင်က အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီတွင် ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မြို့ကို ကားဖြင့် လှည့်လည်ကြည့်ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။ နှစ်ဖက်လူမှု အဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တောမြို့သို့ ရောက်ရှိပြီး နှစ်ဖက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မြန်မာ့လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၉ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ထွက်ခွာခဲ့သည်။ မြောက်ဦးမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ န၀ရတ်ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းနောက် မြောက်ဦးမြို့မှ တစ်ဆင့် မဟာမြတ်မုနိဘုရားကို သွားရောက် ဖူးမြော်ခဲ့ပြီး ကျောက်တော်မြို့သို့ ရောက်ရှိကာ ကျောက်တော်ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထို့နောက် မောင်တောမှ စစ်တွေသို့ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည်ရောက်ရှိပြီး အောက်တို ဘာ ၂ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Eleven Media Group

အောက်တိုဘာ ၃ ရက်တွင် သံတွဲမြို့၌ သမ္မတဦးသိန်းစိန်နှင့် ဒေသခံများ တွေ့ဆုံစဉ် (Photo: AFP)

http://www.myanmaronlinenews.net/2013/10/blog-post_9860.html
အောက်တိုဘာ ၃ ရက်တွင် သံတွဲမြို့၌ သမ္မတဦးသိန်းစိန်နှင့် ဒေသခံများ တွေ့ဆုံစဉ် (Photo: AFP)
ထိုသို့ တွေ့ဆုံရာတွင် တွေ့ဆုံချိန် ၁၅ မိနစ်ဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံအတွင်း ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားပြီး နေအိမ်များ ဆုံးရှုံးခဲ့ရသည့်အတွက် နိုင်ငံတော်အနေဖြင့် မြန်မာကျပ်ငွေ ရှစ်ဘီလျံခန့် ထောက်ပံ့ခဲ့ရကြောင်း၊ ထိုသို့ ပဋိပက္ခများသာ မဖြစ်ခဲ့လျှင် အဆိုပါ ငွေကြေးများကို နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် သုံးစွဲ၍ ရနိုင်မည် ဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်စဉ် များကြောင့် ယင်းဒေသ၏ စီးပွားရေးအပြင် နိုင်ငံ၏ စီးပွားရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ ထို့ပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများလည်း နည်းပါးနိုင်ပြီး တိုင်းပြည်၏ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်း စသဖြင့် ပြောကြားခဲ့ကြောင်း သမ္မတနှင့် တွေ့ဆုံခွင့်ရခဲ့သည့် ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးမြင့်အောင်က အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီတွင် ပြောကြားခဲ့သည်။ သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မြို့ကို ကားဖြင့် လှည့်လည်ကြည့်ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။ နှစ်ဖက်လူမှု အဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တောမြို့သို့ ရောက်ရှိပြီး နှစ်ဖက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မြန်မာ့လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၉ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ထွက်ခွာခဲ့သည်။ မြောက်ဦးမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ န၀ရတ်ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းနောက် မြောက်ဦးမြို့မှ တစ်ဆင့် မဟာမြတ်မုနိဘုရားကို သွားရောက် ဖူးမြော်ခဲ့ပြီး ကျောက်တော်မြို့သို့ ရောက်ရှိကာ ကျောက်တော်ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထို့နောက် မောင်တောမှ စစ်တွေသို့ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည်ရောက်ရှိပြီး အောက်တို ဘာ ၂ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List