အမေရိကန်နိုင်ငံသား အသက် ၆၃နှစ်အရွယ် လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ ဟင်နရီရော့ခ်ဝဲလ် စကီလန် ဆိုသူဟာလေယာဉ် မောင်းနှင်စဉ်အတွင်း ရုတ်တရက် နှလုံးရောဂါဖောက်ပြန်ပြီး သေဆုံးခဲ့ရကြောင်း သိရပါတယ်။ ဒါကြောင့် လေယာဉ်ကို တာဝန်ချိန်ပြင်ပက အခြားလေယာဉ်မှူးတစ်ဦးက ၀င်ရောက်ထိန်းချုပ်ခဲ့ရပြီး အရေးပေါ် ဆင်းသက် ခဲ့ရပါတယ်။

နှလုံးရောဂါကြောင့် သေဆုံးခဲ့တဲ့ လေယာဉ်မှူးဟာ သေဆုံးချိန်မှာ အသက် ၆၃နှစ်သာ ရှိသေးပေမယ့် သူ့ရဲ့ကိုယ်အလေးချိန်ကတော့ လေယာဉ်မှူးတစ်ဦးအတွက် အလွန်များပြားနေပြီး ကိုယ်အလေးချိန်ပေါင် ၃၀၀ ခန့်ရှိနေတာ ဖြစ်ပါတယ်။ အခုလို လေယာဉ်မှူး ဟင်နရီ နှလုံးရောဂါ ဖောက်ပြန်လာတာကြောင့် ဘွိုင်းစ်လေဆိပ်မှာ အရေးပေါ်ရပ်နားခဲ့ပြီး စိန့်အဲလ်ဖွန်ဆက် ဒေသ
ခံဆေးရုံကို ရောက်ရှိချိန်အထိ အသက်ရှင်လျက်ရှိ နေရာမှ အဲ့ဒီဆေးရုံမှပဲ ဆုံးပါခဲ့တာ ဖြစ်ကြောင်း လည်း သိရပါတယ်။ ဟင်နရီဟာ ဟမ်းဘယ်လ် တင်ဆက်လေဆိပ်မှ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး Houston မှ Seattle ကို မောင်းနှင်လာတဲ့ Seattle-bound fight 1603 လေယာဉ်ကို မောင်းနှင်
လာစဉ် အတွင်းမှာ အခုလိုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
Mrtv-4
No comments:
Post a Comment